"ဟန်နာ သခင်မ ဝင်ခွင့်တောင်းကြောင်းပါ မင်းကြီး"
"ဝင်စေ"
ပလ္လင်ပေါ်တွင်စံမြန်းနေသော မင်းကြီးရှေ့တော်မှောက်သို့ အခစားဝင်ရောက်လာသော နယ်စားမင်းကတော်။
"အမတော် ကိုယ်တော့်ကိုလျှောက်တင်စရာ ဘာများအကြောင်းထူးလို့လဲ"
"အမတော်တို့ မိုးဦးကျပွဲတော်အတွက် နယ်မြေကန်တော့ဖို့ ပြန်ရတော့မှာကို ဝင်နှုတ်ဆက်တာပါ မင်းကြီး"
"ချက်ချင်းကြီးပါလား အမတော်"
ညီတော်ရောက်လာတာပင်ခနလေးဟုတောင် ထင်မှတ်ရလောက်တဲ့အထိ အချိန်တွေက လွန်စွာပင် မြန်သကိုး။
"အမတော်တို့နယ်က မိုးဦးကျတာစောသလို မိုးနှောင်းကလဲ လပိုင်းပဲကြာတက်တာကြောင့် ပွဲတော်တွေနဲ့အလုပ်ရှုပ်ရဦး မှာမို့ ဒီလိုအချိန်ပြန်ကြွမှ ရမှာပါ မင်းကြီး"
"ညီတော့်ကိုရော ပြန်ခေါ်သွားမှာလားအမတော်"
"Hun ငယ်မပါလာရင် မင်းကြီးရဲ့ ဦးရီးတော်နယ်စားမင်းကြီးက စိတ်တော်ညိုးတော်မူနေမှာအမှန်ပဲ"
"အချိန်တွေက မြန်လွန်းတယ်နော် အမတော်"
"လိုအပ်တာတွေ ကိုယ်တော်စီစဉ်ပေးလိုက်ပါရစေ ပြီးတော့ ပြည်သူတွေအတွက် စားနပ်ရိက္ခာအချို့ကိုလဲ ထည့်ပေးလိုက်ချင်သေးတယ်အမတော်"
"ကျေးဇူးတော်ကြီးမားပါတယ် မင်းကြီး"
"အထိန်းတော်ကြီး!"
"မှန်လှပါမင်းကြီး"
"မနက်ဖြန် စားနပ်ရိက္ခာအချို့ကိုလှည်းနဲ့အဆင်သင့်တင်ဆောင်ထားပါ။ အမတော်တို့အနောက်မှာ ကိုယ်ရံတော်အချို့ကိုပါ စားနပ်ရိက္ခာလှည်းတွေနဲ့အတူလိုက်ပါခိုင်းလိုက်"
"မှန်လှပါမင်းကြီး"
မယ်တော့်ထံသို့သွားရန် အမတော်သည်ပြန်လည်ထွက်ခွာသွားချေပြီ။
မင်းကြီး၏ နန်းဆောင်သည်အမြင့်ပိုင်းတွင်တည်ရှိနေသောကြောင့် အပေါ်စီးကနေပင် မြင်ကွင်းအားလုံးကို အဆင်ပြေစွာ ကြည့်ရှု့နိုင်၏။

YOU ARE READING
Consort Byun
FanfictionOne short to mini book Chanyeol×Baekhyun crd to Fanart owner ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]