"မသင့်တော်ပါဘူး မင်းသားငယ်လေး"
အနည်းငယ်ပေတူးနေသော ပိုးဝတ်ရုံလေးကိုမကာ ငြိမ်းချမ်းရေးငါးကန်ထဲအားဆင်းမယ် တစ်ကဲကဲ လုပ်နေသော Byun လေးအား မျက်စိမှိတ်လျှက် ခေါင်းငုံ့ကာ အနောက်မှဆွဲထားလေသော အထိန်းတော်ကြီး။
"အာ အထိန်းတော်ကြီးရာ Byun လေးကို အနောက်ကနေအဲ့လိုကြီးမဆွဲထားနဲ့လေဗျာ"
"မသင့်တော်လို့ပါ မင်းသားငယ်လေး"
"ဟင့်! လွှတ်ဦးဗျာ ဆင်းမယ်ဆိုလဲအထိန်းတော်ကြီးဘာသာဆင်း Byun လေးကိုဆွဲမထားနဲ့လို့"
အထိန်းတော်ကြီးကြောင်အသွားကာ ဆွဲထားသော ဝတ်ရုံစလေးကိုလွှတ်လိုက်မိသည်။
^ဗွမ်း!!^
"မင်းသားငယ်လေး!!!"
ရေထဲသို့ခုန်ဆင်းသွားသော ကြင်ယာတော်လေး အသံနှင့်အတူ အထိန်းတော်ကြီး မျက်ဝန်းထဲ မြင်ယောင်လာသည်က Chanyeol မင်းကြီး၏ မီးဝင်းဝင်းတောက်နေသော မျက်နှာတော်။
မိုးနတ်မင်းကြီးကယ်တော်မူပါ။
"ဘာလုပ်နေတာလဲ ဂင်ရှန့်ကုန်း ပြီးတော့ မင်ရှန့်ကုန်း အခုချက်ချင်း ကြင်ယာတော်မင်းသား ငယ်နောက်ကိုလိုက်ဖို့ပြင်"
"ရှင်?"
"မြန်မြန်!"
"ဟုတ်...ဟုတ်ကဲ့ပါ အထိန်းတော်ကြီး"
အထိန်းတော်ကြီးပင်လျှင်ဝတ်ရုံကြီးမကာ ရေထဲသို့ မိုးနတ်မင်းကြီးအပြင် တစ်ခြားသော နတ်မင်းကြီးတွေပါ တ ၍ ဆင်းရလေပြီ။
"မြန်မြန်လာပါအထိန်းတော်ကြီး ဒီမှာလွတ်ကုန်ပြီ"
ကြင်ယာတော်လေးစိတ်ချမ်းသာဖို့အရေး အထိန်းတော်ကြီးတို့အရေးဖြစ်တာမို့ နောင်ဖြစ်လာမည့်ကိစ္စများအား အသာမေ့ထား လိုက်တော့သည်။
"အာ အဲ့မှာအဲ့အကောင်ကိုဖမ်း အဲ့အကောင်ဖမ်း"
"ဂင်ရှန့်ကုန်း အဲ့ဘက်ကပိတ် အဲ့ဘက်က"
ရှန့်ကုန်းများပါမက အထိန်းတော်ကြီးများပါ ရေကန်ထက်ဝယ် ဝရုန်းသုန်းကားနှင့်။
"အား လွတ်သွားပြီ မြန်မြန် ကြီးတာလေးဖမ်းမိမှရမှာကို"
"Nae?"
YOU ARE READING
Consort Byun
FanfictionOne short to mini book Chanyeol×Baekhyun crd to Fanart owner ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]