"အထိန်းတော်ကြီး Byunလေးရဲ့ အထိန်းတော်ကြီးကို အိပ်ဆောင်ထဲဝင်ကြည့်ခိုင်းပြီး အခြေအနေဘယ်လိုရှိလည်းစောင့်ကြည့်ခဲ့ပါ"
"မှန်လှပါမင်းကြီး"
Chanyeol မင်းကြီးတစ်ယောက် ရင်ထဲမှာလေးပင်နေသောခံစားမှုကြီးခံစားနေရကာ နေမထိထိုင်မသာဖြစ်လို့နေလေသည်။
ထို့အတူ တစ်ဖက်နန်းဆောင်မှာအနားယူနေသည့် ကြင်ယာတော်လေးကို စိတ်ပူကာ အစိုးရိမ်လွန်နေရသလို မိမိမသိနိုင်သည့်နေရာက ရန်မှန်သမျှကိုအသိကပ်၍ သတိထားနေရသေးသည်။
"အခြေအနေဘယ်လိုလဲအထိန်းတော်ကြီး"
မျက်နှာပျက်ယွင်းသွားသည့်အထိန်းတော်ကြီးကြောင့် ရင်ထဲဗလောင်ဆူကာ သွေးအတွင်းထဲမှ ချော်ရည်ပူများစီးဆင်းလာသလို ပူလောင်နေသည်။
"စိုးရွံ့မိပါတယ်မင်းကြီး အိပ်ဆောင်တော်ထဲမှာ ကြင်ယာတော်လေးမရှိကြောင်းပါမင်းကြီး"
"ရှာ! အခုချက်ချင်းဇာမဏီဆောင်ကို မွှေနှောက်ရှာစမ်း။ နန်းဆောင်အနီးနားမှာရန်သူရှိမရှိကိုလည်းသေချာစစ်ဆေး။ ကိုယ်ရံတော်တပ်ဖွဲ့ကိုပါ နေရာအနှံ့ဖြန့်ခိုင်းလိုက်"
"မှန်လှပါမင်းကြီး"
တိုင်းပြည်ကအေးချမ်းသလို Chanyeol မင်းကြီးအုပ်ချုပ်လာသည့်ဒီနှစ်တွေအတွင်း နန်းတွင်းရေးရာတွေကအစ ကောင်းမွန်စွာစီမံနိုင်ခဲ့သည်ကြောင့် တိုက်ပွဲဆိုသည်က ရှားသည်။
ထို့အတူ Chanyeol မင်းကြီးနန်းတက်စဥ္က မင်းကြီးရာထူးနှင့်အတူအပ်နှင်းခံခဲ့ရသည့် ကျောက်မျက်ကိုးသွယ်စီချယ်ထားသည့် ဓားတော်မဟာ သည်လည်း သွေးစိမ်းတို့နှင့်ဝေးကွာနေသည်မှာ နှစ်ရှည်လများပင်။
ယနေ့တော့ ထိုဆောင်ဓားနှင့်အတူ Chanyeol မင်းကြီးလက်၌လည်းသွေးစွန်းတော့မည်ဖြစ်သည်။
"ငါကိုယ်တော်ချစ်မြတ်နိုးရတဲ့ကြင်ယာတော်ကို လာထိပါးရင် မင်းတို့ချစ်မြတ်နိုးရတဲ့အရာတိုင်းနဲ့ သေကွဲကွဲစေရမယ်။ ဒါ ငါကိုယ်တော်ရဲ့ရာဇသံပဲ"
ဓားအိမ်ကနေဆွဲထုတ်လိုက်သည့် ဓားရှည်ရဲ့ချွန်မြနေသည့်အသွားတစ်ဖက်ဟာလျှပ်စီးကဲ့သို့ လက်ခနဲ။
![](https://img.wattpad.com/cover/163217137-288-k304097.jpg)
YOU ARE READING
Consort Byun
FanficOne short to mini book Chanyeol×Baekhyun crd to Fanart owner ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]