♤15♤

2.9K 404 47
                                    

"တပ်မှူးလေး"

တော်ဝင်မျိုးနွယ်များ၏စီးတော်မြင်းများထားရာ မြင်းဇောင်းနားအား လက်ကလေးနှစ်ဖက် နောက်ပစ်လျှက် မချိုမချဉ်အပြုံးလေးနှင့် အနားကပ်လာသောကြင်ယာတော်လေး။

"အမိန့်ရှိပါ ကြင်ယာတော်မင်းသားငယ်"

"Bao Bao ကိုထုတ်ပေးပါ"

တပ်မှူးလေး မျက်လုံးပြူးသွားချေပြီ။

နောက်ဆက်တွဲအနေဖြင့် မျက်လုံးထဲဝယ် Chanyeol မင်းကြီး၏ မီးဝင်းဝင်းတောက်နေသော အကြည့်များအားမြင်ယောင်လာရလေသည်။

"မင်းကြီးသိလျှင် ကျွန်တော်မျိုးအမျက်တော်ရှရပါ လိမ့်မယ် ကြင်ယာတော်မင်းသားငယ်"

Bao Bao ဆိုသည်မှာ Chanyeol မင်းကြီးကိုယ်တိုင် Byun လေးအတွက် စီးတော်မြင်းအဖြစ် အဖြူရောင် Bao Bao ဆိုသည့်မြင်းပျိုလေးအား ချီးမြှင့်ထားသည် ဖြစ်၏။

သို့သော်ငြား မင်းကြီးအမိန့်မပါလျှင် ပေးမစီးရဟူသော ရာဇသံကြောင့် တပ်မှူးလေးမှာ ကြောက်ကြောက်လန့်လန့်နဲ့ ငြင်းနေရရှာသည်။

ကြင်ယာတော်မင်းသားငယ်လေးမှာလည်း မြင်းစီးအတက် မတက်ကျွမ်းသေးသည်ကြောင့် ခွင့်မပြုတာလဲ ပါလေသည်။

"အာ့ဆို မြောင်အာ ကိုထုတ်ပေး"

အဲ့ဒါမှ တပ်မှူးလေးပြေးပေါက်မှားပေတော့သည်။

တစ်ဖက်က သီးသန့်တည်ရှိနေသော မြင်းဇောင်းထဲမှ အုန်းခွံရောင်အဆင်းနှင့် လွန်စွာကြံ့ခိုင်လျှက် အဆင်းလှပလွန်းသော မြောင်အာ အမည်ရမြင်းမှာ Chanyeol မင်းကြီးငယ်စဉ်ထဲက အသုံးပြု ကြီးပြင်းလာခဲ့သော မြင်းဖြစ်ပေသည်။

ဒါကို ကြင်ယာတော်လေးက မင်းကြီးမြင်းကိုထုတ်ပေးပါဆိုတော့ တပ်မှူးလေးခဗျာ ကြံရာမရဖြစ်လျှက်။

"မြောင်အာက တော်ဝင်စစ်တိုက်မြင်းတစ်ကောင်ပါ ကြင်ယာတော်မင်းသားငယ်။ မင်းသားငယ်လို နုနယ်တဲ့သူမျိုးနဲ့မသင့်တော်ကြောင်းပါဘုရား"

မြောင်အာသည် သူ့သခင်မှလွဲ၍ မည်သူမျှမောင်းနှင် စီးနင်းမခံသည်အား ထိုတပ်မှူးလေးလျှောက်တင်ရန် ထိန်ကျန်သွားလေသည်။

Consort ByunWhere stories live. Discover now