အပိုင်း (၃၆)

3.4K 594 71
                                    

အပိုင်း (၃၆)

ရှောင်းချင်းယန့်၏အကြောင်းအကျိုးမသင့်လှသော တောင်းဆိုချက်ကြောင့် ရှီချန်အန်းတယောက် ထိုညတညလုံး ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပေ။
နောက်တနေ့မနက် မိုးသောက်ချိန်.....။ နံဘေးမှလူ အိပ်ရာထချိန်တွင် သူ အိပ်ရာမှနိုးနေတာကြာလှပြီဖြစ်သည်။ သို့်သော်...ခါတိုင်း ပုံမှန်နေ့ရက်များကဲ့သို့ အိပ်ရာမှထကာ ထိုသူအား ခစားပြင်ဆင်ပေးရန် သူ မလုပ်သည့်အပြင်... ပြတ်ပြတ်သားသားပင် သူ ဆက်အိပ်ကာနေလိုက်သည်။

ရှောင်းချင်းယန့် အိပ်ခန်းထဲမှထွက်သွားတော့မှသာ ရှီချန်အန်း ကျောပေးအိပ်နေရာမှ ပြန်လှည့်လာခဲ့သည်။ ခေါင်းပေါ်မှ မျက်နှာကြက် အိပ်ရာမိုးအားကြည့်ရင်း သက်ပြင်းရှည်ကြီးသာ ချလိုက်သည်။

သူ ရှေ့လျောက် ဒီလိုပဲ အသက်ရှင်သွားရတော့မှာလား.....။ တသက်လုံး ဒီလိုလေးဘက်လေးတန်ပိတ်လှောင်ထားတဲ့အခန်းလေးထဲမှာပဲနေရင်း...နေ့ရှိသရွေ့ အနောက်ဆောင်က ကိစ္စအသေးအဖွဲလေးတွေပဲ ဖြေရှင်းနေရင်းနဲ့လေ.....။ တခါတလေကျရင် သဝန်တိုကြလို့ပဲဖြစ်ဖြစ်၊ ရှောင်းချင်းယန့်ရဲ့မျက်နှာသာပေးတာခံရဖို့ပြိုင်ကြရင်းပဲဖြစ်ဖြစ် သူ့ဆီကိုလာရှာကြမယ့်မိန်းမတစုကိုလည်း ရင်ဆိုင်ရဦးမယ်...။ ပြီးရင် သူတို့ရဲ့ ဘာမဟုတ်တဲ့ ငြီးငွေ့စရာကောင်းလှတဲ့အငြင်းပွားမှုတွေနဲ့ သူရဲ့အချိန်ကုန်ရဦးမှာပါလား...။

"အဲ့ဒါတွေက နောက်မှဖြစ်လာမယ့်ကိစ္စတွေ...အခုလောလောဆယ်.....ဒီအကျႌကိစ္စကို ဘယ်လိုလုပ်ရင်ကောင်းမလဲ..."

ရှောင်းချင်းယန့်က သူ့ကို ကိုယ်တိုင်ချုပ်ပါလို့ ပြောသွားပြီးပြီ။ ရှီချန်အန်းကိုယ်တိုင်ကလည်း ဒီကိစ္စကို အစေခံတွေကို မသိစေချင်ဘူး။ ဒါပေမယ့်...သူက အချုပ်အလုပ်နဲ့ပတ်သက်ပြီး နကန်းတလုံးမှကို မသိဘူးလေ...။ သူ တကယ့်ကိုပဲ ဘယ်ကဘယ်လိုစလုပ်ရမယ်ဆိုတာ မသိတော့ဘူး...။

ပထမကတော့ ဒီနေ့ ယန်မောမော့ဆီ သွားတွေ့ရင်း သူမအတွက် အဝတ်သစ်နှစ်စုံ သွားပေးရန်ပင်။ ယခုအခြေအနေအရတော့ သူ့အစား တုန်းရွှယ်အား သွားပို့ခိုင်းလိုက်ယုံသာရှိတော့သည်။

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(MyanmarTranslation)(Unicode)Where stories live. Discover now