အပိုင်း (၄)

2.9K 391 6
                                    

အပိုင်း (၄)

ကွယ်လွန်သွားပြီးဖြစ်သော အရင်မိဖုရားခေါင်ကြီး၏ကမ္ပည်းတိုင်အား ရှောင်းရှီဘိုးဘွားဗိမာန်တွင် ထားရှိထားခြင်းမရှိ။ ဧကရာဇ်၏ထိုက်ကျီနန်းဆောင်နှင့် အနီးကပ်ဆုံးဖြစ်သည့် ချန်ရှန်းနန်းဆောင်တွင်သာ ထားရှိထားသည်။ ထို့ကြောင့် သူတို့နှစ်ယောက် ချန်ရှန်းနန်းဆောင်သို့သွားရာမှ နန်းဆောင်ရှေ့တွင် စောင့်ဆိုင်းနေသော ရှောင်းချင်းယန့်၏အမေတူ ညီအရင်းဖြစ်သော ရှောင်းချင်းယွီနှင့် ဆုံမိကြသည်။

"အကိုတော်...အကိုတော် ဒီနေ့ ဒီကိုလာမယ်ဆိုတာ ကျွန်တော်သိသားပဲ...သြော် ''မရီးတော်''ရော ပါလာတာကိုး....''

ရှောင်းချင်းယွီသည် ရှောင်းချင်းယန့်နှင့် ရုပ်အသွင်အပြင် အတော်ပင်တူလှသော်လည်း ရှောင်းချင်းယန့်ကဲ့သို့ လွန်စွာတည်ငြိမ်အေးစက်မနေဘဲ ပို၍ တက်ကြွသော ဟန်ပန်ရှိလေသည်။

ရှောငး်ချင်းယွီမှ သူ့အား တိုက်ရိုက်ပြောကြားခြင်းမရှိပေမယ့် ရှီချန်အန်းအနေဖြင့် ထိုသူ့အား မသိကျိုးကျွန်ပြု၍ မရပေ။ ထို့ကြောင့် သူ ခေါင်းငြိမ့်အသိအမှတ်ပြုကာ ရှောင်းချင်းယွီအား နှုတ်ဆက်လိုက်သည်။

"စတုတၳမင်းသား....မင်္ဂလာပါ...''

မူလက သူ၏ ''အမျိုးသား မရီးတော်''အား နောက်ပြောင်ကစားရန် ရည်ရွယ်လာခဲ့သော်လည်း သူမျှော်လင့်ထားသော တုံ့ပြန်မှုကား မရခဲ့ပေ။ ထို့ကြောင့် ရှောင်းချင်းယွီ မိမိဘာသာ အနည်းငယ် အရှက်ရမိသွားသည်။ ထို့နောက် ရုတ်တရက် မျက်နှာကြီး တင်းကာ ရှီချန်အန်း ရပ်နေရာသို့ သွားလိုက်သည်။ ထိုမျက်နှာကြီးက ရှီချန်အန်း၏မျက်နှာအား ထိကပ်တော့မတတ် ရုတ်ချည်းနီးကပ်လာခဲ့သည်။ ထို ရှောင်းချင်းယွီ၏ ရုတ်တရတ် တိုက်စစ်ဆင် နီးကပ်လာသော လှုပ်ရှားမှုအား ရှောင်ရန် တည်ငြိမ်အေးဆေးစွာဖြင့် ရှီချန်အန်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သို့သော် ကပျာကယာ ဆုတ်မိလိုက်သော ခြေလှမ်းများကြောင့် သူ့ခြေထောက်သူ ခလုပ်တိုက်မိကာ ရှီချန်အန်း နောက်သို့ထိုင်လျက်သား လဲကျသွားသည်။ ဘေးတွင်ရပ်နေသော ရှောင်းချင်းယန့် မသိစိတ်၏လှုံ့ဆော်မှုကြောင့် အလိုအလျောက် ဖမ်းဆွဲလိုက်ရန် လက်ဆန့်ထုတ်မိလိုက်သော်လည်း အတန်ငယ် တုံ့ဆိုင်းသွားမိသောကြောင့် ရှီချန်အန်း၏ အကျႌအနားဖျားလေးသာ ထိမိလိုက်နိုင်တော့သည်။ ထိုကြောင့် သူ အဲ့ဒီလူ အင့်ကနဲ ညည်းညူကာ မြေပြင်သို့ အားဖြင့် ထိုင်လျက်သားလဲကျသွားသည်ကို ဘေးမှ မတတ်နိုင်စွာ ရပ်ကြည့်နေလိုက်ရတော့သည်။

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(MyanmarTranslation)(Unicode)Where stories live. Discover now