အပိုင်း (၃၂)

3.6K 692 68
                                    

အပိုင်း (၃၂)

ရှီချန်အန်းသည် ညစာစားပွဲမှ စောစောစီးစီး ပြန်လာခဲ့သည်ဖြစ်ရာ...သူ အိမ်တော်သို့ ပြန်ရောက်ချိန်တွင်တော့ မိုးစုံးစုံးချုပ်သည့်အချိန် မရောက်သေးပေ။ သူ အိမ်တော်တံခါးမကြီးအား ဖြတ်၍ဝင်လာခဲ့သည်အထိတော့ ဘာမှ ထူးထူးထွေထွေ သတိမထားမိသေးပေ။ သို့သော် အဆောင်ဆောင်၊အခန်းခန်းသော ခြံဝန်းငယ်များစွာအား ဖြတ်ကျော်ခဲ့ပြီးချိန်၊ နောက်ဆုံးတွင်တော့ ဤအိမ်တော်တွင် တခုခု ထူးခြားနေသည့်အငွေ့အသက်အား သူ ခံစားမိလိုက်သည်။ အိမ်တော်ထဲ ရှိသမျှလူအားလုံးက ဘာကိုများ တိုးတိုး တိုးတိုးနဲ့ ကျိတ်ပြီးပြောနေကြတာပါလိမ့်...။

သူ မရှိတုန်း အိမ်တော်မှာ တခုခုများ ဖြစ်သွားလို့များလား...။

"မြန်မြန်လာ...ဝမ်ရယ်ကို သွားကြည့်ရအောင်..."

လူတွေအားလုံးက မငြိမ်မသက်ဖြစ်နေသဖြင့်...ရှောင်းချင်းယန့်ထံတွင် တခုခုဖြစ်နေပြီဟုသာ...ရှီချန်အန်း၏အတွေးတို့တွင် ထိုအတွေးတခုသာ ရှိတော့သည်။ သူကတော့ ရှောင်းချင်းယန့်အား အမြန် တွေ့နိုင်ရန်စိတ်ကူးတခုထဲဖြင့် သူ၏ခြံဝန်းဆီသို့ အပြေးအရောက်သွားခဲ့ပေမယ့်...သူ၏ဘေးမှ အစေခံမိန်းကလေးထံမှ 'ဝမ်ရယ်သည် ပင်မခြံဝန်းထဲ၌ မရှိပါ'ဟူသောစကားကိုသာ ကြားရလိမ့်မည်ဟုတော့ ထင်မထားမိခဲ့။

"ဝမ်ရယ့်ကိုယ်မှာ ဒီလောက် ဒဏ်ရာတွေ ရထားတာကို...ဒါကို သူက.....စာကြည့်ဆောင်မှာ ဘာများ အရေးတကြီး လုပ်စရာရှိနေလို့လဲ..."

"ဝမ်ဖေး...ဝမ်ရယ်က စာကြည့်ဆောင်မှာ မဟုတ်ဘူး...ဟို..ဟို...သူက...ဟိုမိန်းကလေးရဲ့.....နေရာမှာ..."

ထိုအစေခံမိန်းကလေးအတွက်တော့ ဘယ်လိုပြောရမှန်းမသိ၊ တကယ် အခက်တွေ့လှသည်။ သူ့အနေနှင့် ထိုမိန်းကလေး၏နာမည်ကိုပင် မသိချေ။ သို့စေကာမူ ဝမ်ရယ်၏ အရေးတယူ၊ အလျင်စလိုနိုင်လှသည့်ပုံအားကြည့်ခြင်းဖြင့် ဝမ်ရယ်သည် ထိုမိန်းကလေးအား အလွန်သဘောကျနေသည်မှာ သေချာသလောက်ပင်။ ဒါပေမယ့်လည်း...ဝမ်ဖေးကလည်း ဒီအိမ်တော်ရဲ့ သခင်တဦးပဲလေ...။

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(MyanmarTranslation)(Unicode)जहाँ कहानियाँ रहती हैं। अभी खोजें