အပိုင်း (၁၆)
ရှီချန်အန်း ဝမ်ရယ်အိမ်တော်သို့ ပြန်ရောက်ပြီး သိပ်မကြာလိုက် ယနေ့နံနက်ခင်း တော်ဝင်ညီလာခံတွင် ဖြစ်ပျက်ခဲ့သောကိစ္စများအကြောင်း သူ ကြားလိုက်ရသည်။ ရှီမိသားစု၏မကောင်းမှုများအတွက် အပြစ်ဒဏ်သည် ဤကဲ့သို့ စောစီးစွာ ကျရောက်လာမည်ဟု မထင်ထားခဲ့သော ရှီချန်အန်းအဖို့ အချိန်အတော်ကြာသည်အထိ ပြန်လည်စကားမဆိုနိုင်သေးပေ။
"သခင်လေး...နောက်ဆုံးတော့ သူတို့တွေ ထိုက်သင့်တဲ့အပြစ်ဒဏ် ခံရပြီပဲ...ကောင်းကင်ဘုံမှာရှိနေတဲ့ သခင်မကြီးလဲ အခု စိတ်ချလက်ချ အနားယူနိုင်သွားပြီ...ကျွန်မတို့ ဒီနေ့တော့ အောင်ပွဲကြီးကြီး ခံကြရအောင်...''
ထိုသတင်းအား ကြားပြီး အပျော်ဆုံးသူအား ပြပါဆိုလျှင် ချွန်းယွီအား ပြရမည်ဖြစ်သည်။ နေ့လယ် သတင်းကြားရပြီးကတည်းက သူမ၏ အပြုံးမျက်နှာသည် ယခုထိတိုင် ရပ်တန့်၍မရသေးပေ။ ရှီမိသားစု ယခုမှစ၍ မည်သို့သောအခြေအနေမျိုးတို့ဖြင့် ကြုံရတော့မည်အား စဉ်းစားမိလိုက်လျှင် ချွန်းယွီ ထင်သည်။ သူမ ပျော်ရွှင်လွန်းလှသဖြင့် နောက်နှစ်ထိတိုင်အောင် အပြုံးမပျက်ဘဲ တနှစ်ပတ်လုံး အပြုံးမျက်နှာဖြင့်သာ ရှိနေလိမ့်မည်ဟု...။
"မင်းကို ဘယ်သူပြောလိုက်တာလဲ..."တော်ဝင်ညီလာခံမှကိစ္စများအား ဤအိမ်တော်တွင် ရှောင်းချင်းယန့်မှအပ မည်သူကများ ဤမျှလောက်အထိ မြန်မြန်ဆန်ဆန် သတင်းရနိုင်မည်နည်း။ ဒီကလေးမ ချွန်းယွီ ဘယ်နေရာကများ သတင်းရလာတာပါလိ်မ့်...။ ရှီချန်အန်းအနေဖြင့် သူ၏ ကျန်ရှိနေသော နေ့ရက်များအား အေးအေးဆေးဆေး ဖြတ်သန်းသွားရန်သာ အလိုရှိပေသည်။ မည်သည့်အတွက်မှ ရှောင်းချင်းယန့်အား သွားရောက်ကာ သွေးတိုးစမ်းချင်စိတ်လည်း မရှိပေ။ ကြွယ်ဝချမ်းသာကာ အခွင့်အာဏာကြီးမားလှသောအိမ်တော်ကြီးများတွင် မိမိ၏ခြံဝင်းမှ ယားထိုများအား အခြားခြံဝင်းများသို့ စေလွှတ်ကာ သတင်းစုံစမ်းခိုင်းခြင်း၊ သို့မဟုတ် အခြားခြံဝင်းသို့ အပြစ်လွှဲချ အကောက်ကြံခြင်းတို့မှာ အထူးအထွေမဟုတ်ဘဲ ဖြစ်နေကြကိစ္စများ ဖြစ်သည်။ ရှီချန်အန်းအတွက်တော့ ရှောင်းချင်းယန့်မှ သူသည် ရှောင်းချင်းယန့်၏နံဘေးမှ လူများကြား ဝင်ကာ သတင်းစုံစမ်းသည်၊ ဝင်ရောက်စွက်ဖက်လိုသည်ဟု ထင်မည်၊ တွေးမည်အား မလိုလားပေ။
YOU ARE READING
ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(MyanmarTranslation)(Unicode)
RomanceAuthor(s) - Five Cloud (五朵云) Year - 2017 Status in COO - 80 Chapters (Completed) Associated Names - 富贵长安 English Translator : Xah Xiaoran (@Momochingu) Myanmar Translator: Mioki Midori Description သူ၏မိခင် ကွယ်လွန်ပြီးနောက် ဖခင်၏ လျစ်လျူရှုစွန့်ပစ်...