အပိုင်း (၂၉)

3.3K 592 39
                                    

အပိုင်း (၂၉)

ရှီချန်အန်းသည် ရေချိုးသန့်စင်ကာ အဝတ်အစားလဲပြီးသည်နှင့် ရှောင်းချင်းယန့်ရှိရာနေရာသို့ အမြန်ပြန်သွားလေသည်။ သူ ရောက်သွားချိန်အထိ ရှောင်းချင်းကျန်သည် အခန်းထဲတွင် ရှိနေသေးသည်။ သို့သော် ပြန်ရန်ပြင်နေပြီဖြစ်သည်။

"မရီးတော်...ဒီရက်ပိုင်းမှာ အစ်ကိုတော့်ကို သေချာ စောင့်ရှောက်ပေးပါဦး...သူ့ကို ဟိုဟိုဒီဒီ လျှောက်မသွားခိုင်းနဲ့ဦး...ဪ ပြီးတော့...နောက်သုံးရက်နေရင် လုပ်မယ့် နန်းတွင်းညစာစားပွဲလဲ သွားတက်မနေနဲ့...အလကား အလုပ်ရှုပ်ပြီး လူပင်ပန်းတယ်...အစ်ကိုတော်သာ သေချာ ကောင်းကောင်း အနားယူပါစေ..."

ရှောင်းချင်းကျန်၏ ရုတ်တရက် လူလဲလိုက်သလိုပြောင်းလဲသွားသော ပြောဆိုဆက်ဆံပုံတွင် ရှီချန်အန်းတယောက် အငိုက်မိ နားမလည်နိုင်ဖြစ်သွားရရှာသည်။ ဘယ်လိုလုပ်ပြီး ရှောင်းချင်းကျန်က သူ့ကို 'မရီးတော်'လို့ ရုတ်တရက်ကြီး လာခေါ်နေရတာလဲ...။ ပြီးတော့...နောက်သုံးရက်နေရင်လုပ်မယ့် နန်းတွင်းညစာစားပွဲဆိုတာကရော ဘာပြောတာလဲ...။

"ချင်းကျန်က သိပ်မကြာခင်မှာပဲ မြောက်ပိုင်းစစ်မြေပြင်ကို စစ်ထွက်ရတော့မှာ...နောက်သုံးရက်နေရင် ဖခမည်းတော်က တတိယညီတော်အတွက် အထူး နန်းတွင်းညစာစားပွဲ ကျင်းပပေးမှာ...ညီတော် စစ်မြေပြင်မှာ အောင်ပွဲစောစောရပြီး အန္တရာယ်ကင်းကင်း ပြန်လာအောင် ဆုတောင်းပေးတဲ့အနေနဲ့..."

ရှောင်းချင်းယန့်သည် သူ၏ခါးနှင့်ဗိုက်တွင် ဒဏ်ရာရထားသည်ဖြစ်သော်လည်း ကံကောင်းထောက်မစွာပင် ထိုဒဏ်ရာတို့မှာ သိပ်ပြီး မပြင်းထန်လှပေ။ သူ့အနေဖြင့် ဆယ်ရက်ကျော် လဝက်မျှ ကောင်းစွာ အနားယူလိုက်လျှင် သက်သာသွားမည်ဖြစ်သည်။ သို့သော် သူ၏ညာခြေထာက်သည်လည်း ဒဏ်ရာရထားသည်ဖြစ်ရာ သူ့အနေနှင့် သွားလာလှုပ်ရှားရာတွင် ဒဏ်ရာကြောင့် အတော်အသင့် အဆင်မပြေဖြစ်ရသည်။ ထို့ကြောင့် ရှောင်းချင်းကျန်မှ သူ့အား အိမ်တော်တွင်သာ ကောင်းစွာ အနားယူ၍ အားဖြည့်စေချင်တာဖြစ်သည်။ ရှီချန်အန်းတယောက် ညစာစားပွဲကိစ္စနှင့်ပတ်သက်၍ ဘာမှမသိ နားမလည်နိုင်ဖြစ်နေမှာ သေချာသိနေသော သူကသာ နားလည်အောင် ဝင်ရောက်ရှင်းပြပေးလိုက်ပြီး ရှီချန်အန်းအား တလက်စတည်း ညစာထမင်းပွဲပြင်ခိုင်းလိုက်သည်။ သူ နည်းနည်း ဗိုက်ဆာနေပြီဖြစ်သည်။

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(MyanmarTranslation)(Unicode)Tempat cerita menjadi hidup. Temukan sekarang