အပိုင်း (၆)

2.5K 391 4
                                    

အပိုင်း (၆)

ရှီချန်အန်း ရှောင်းချင်းယန့်၏ ကိုယ်ရေးကိုယ်တာသုံး အစေခံမိန်းကလေးနှစ်ဦးအား တွေ့၍ ဆုလက်ဆောင်များ ပေးပြီးသည်နှင့် သူတို့နှစ်ဦးအား ပြန်လွှတ်လိုက်သည်။ သူတို့နှင့် မည့်သည့်အကြောင်းအရာများအား စကားရှာ၍ပြောရမည်အား သူ အမှန်ပင် မသိချေ။

"သခင်လေး...အဲ့ဒီနှစ်ယောက်က သခင်လေးကို စေ့စေ့တောင် မကြည့်ရဲဘူး...ကြည့်ရတာ ဝမ်ရယ်က သူတို့ကို မျက်နှာသာမပေးတဲ့ပုံပဲ...သူတို့ကို မကြိုက်တာ သေချာတယ်...ကျွန်မတို့ စိုးရိမ်စရာမလိုတော့ဘူး...''

ရှီချန်အန်းတွင် အစေခံမိန်းကလေးနှစ်ဦးရှိသည်မှာ မှန်သော်လည်း သူ့အပါးတွင် အမြဲလိုနီးပါး ခစားရသူမှာ ချွန်းယွီ ဖြစ်သည်။ တုန်းရွှယ်မှာမူ ပင်ကိုစရိုက်ကပင် အလေးအနက်တွေးတတ်သူဖြစ်ပြီး ပြုံးပြုံးရွှင်ရွှင်နေလေ့လဲမရှိပေ။ သူတို့ အရင်နေခဲ့သော ရွာငယ်လေးတွင်က ပြဿနာမရှိခဲ့ပေမယ့် ယခု ဝမ်ရယ်အိမ်တော်သို့ ရောက်ရှိလာခဲ့ချိန်တွင်တော့ သူတို့၏ အပြောအဆို၊ အပြုအမူတို့အပြင် မျက်နှာအမူအရာများပါ သေချာဂရုစိုက်ရန် လိုအပ်ပေသည်။ ရှီချန်အန်းအနေဖြင့် တုန်းရွှယ်၏စရိုက်လက္ခဏာကြောင့် တစုံတရာ ပြဿနာဖြစ်လာမည်အား စိုးရိမ်မိသည်။ ထို့ကြောင့် ဘာမှဖြစ်မလာခင်ကပင် တုန်းရွှယ်အား ကြိုတင်၍ စားဖိုဆောင်ရှိအလုပ်များသာ ကိုင်တွယ်ဆောင်ရွက်ရန် စေလွှတ်ထားပြီးဖြစ်သည်။ ထိုမှသာ အပြင်လူ ဧည့်သည်များလာသည့်အချိန်တွင် သူမ ထွက်လာ၍ သူ့အား ကူညီလုပ်ဆောင်ပေးရန် မလိုတော့ပေ။

ယခုအချိန်အထိ တခစ်ခစ်ရယ်ကာ သဘောကျနေသော ချွန်းယွီအားကြည့်ရင်း ရှီချန်အန်း၏မျက်နှာတွင် အပြုံးတပွင့် ပွင့်လန်းလာပြီး နောက်ထပ်တကြိမ် သတိပေးစကား ပြောလိုက်သည်။

"ချွန်းယွီ...ငါ မင်းကို အစကတည်းက သတိပေးထားတယ်မလား...ဒီနေရာက ဝမ်ရယ်အိမ်တော်လို့...ငါတို့အိမ် မဟုတ်ဘူးလို့....အစစ အရာရာ စကားရော အပြုအမူတွေပါ သေချာသတိထားပြီး ထိန်းသိမ်းရမယ်ဆိုတာကို...ပြီးတော့ ခုနက မင်းပြောလိုက်တဲ့စကားမျိုး နောက်တခါ ထပ်မပြောမိစေနဲ့...ဝမ်ရယ် သဘောကျမှာ မဟုတ်ဘူး...''

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(MyanmarTranslation)(Unicode)Where stories live. Discover now