အပိုင်း (၂၈)

3.2K 586 20
                                    

အပိုင်း (၂၈)

ဆောင်းရာသီအမဲလိုက်ပွဲမှသည် ထိုကဲ့သို့သော သွေးထွက်သံယိုတိုက်ခိုက်မှုများဖြစ်လာခဲ့ချိန်တွင်တော့...ဧကရာဇ်မင်းကြီးထံတွင် ထိုပွဲအား ဆက်လက်ကျင်းပလိုစိတ်မရှိတော့မည်မှာ အထူးပြောနေစရာမလိုလောက်ပေ။ ထို့ကြောင့်...ရှောင်းချင်းယန့်နှင့် ရှီချန်အန်းတို့ ထွက်သွားပြီး၍ များမကြာမီတွင်...မူလက မြို့တော်မှ ခမ်းနားကြီးကျယ်စွာ ထွက်လာခဲ့ကြသောလူအုပ်ကြီးသည်လည်း အမဲလိုက်ကွင်းမှ အသီးသီးအလျှိုလျှို လျင်မြန်စွာ ပြန်လည်ထွက်ခွာသွားကြတော့သည်။

နန်းတော်သို့ပြန်ရောက်သည်နှင့်...ဧကရာဇ်မင်းကြီးသည် နောက်ထပ်သော တော်ဝင်သမားတော် အများအပြားအား ရှန်ဝမ်အိမ်တော်သို့သွား၍ ရှန်ဝမ်၏ဒဏ်ရာအား ကြည့်ပေးရန် ထပ်မံစေလိုက်လွှတ်သည်။ ကျင့်ဝမ်* ရှောင်းချင်းကျန်သည်လည်း နောက်မှလိုက်သွားသဖြင့် ရှန်ဝမ်အိမ်တော်သို့ ရောက်နေပြီဖြစ်သည်။ ဒုတိယမင်းသားရှောင်းချင်းနျဥ့်မှာတော့ ဧကရာဇ်မင်းကြီးမှ နေခိုင်းထား၍ နန်းတော်တွင်းတွင် ကျန်နေခဲ့သည်။

*(T/N: အရင်က "ချင်းဝမ်"လို့ သုံးထားတာ။ အခု "ကျင့်ဝမ်"လို့ပြောင်းလိုက်တာ။ အားလုံးပြီးသွားတော့မှ ရှေ့အပိုင်းတွေ ပြန်ပြင်တော့မယ်။ Sorry!🙏)

"ကိုယ်တော် မင်း ဘာတွေစဉ်းစားနေတယ်ဆိုတာ သိတယ်...ဒါပေမယ့်...အရင်က ရှီချန်အန်းက ဘယ်လိုအဆင့်အတန်းပဲရှိခဲ့ရှိခဲ့...အခုအချိန်မှာတော့ သူက မင်းရဲ့'မရီးတော်'ပဲ...ဘယ်ဟာက အရေးကြီးတယ်ဆိုတာ မင်း သိထားရင် အကောင်းဆုံးပဲ..."

ဧကရာဇ်၏မျက်နှာသည် စိတ်သဘောမတွေ့မှုတို့အပြည့်နှင့်ပင်။ သူ ပြောသည့်စကားတို့မှာလည်း အမှန်တကယ်ပင် ရှီချန်အန်း၏ မတရားခံရမှုများအတွက် သူကိုယ်တိုင် စာနာသနားခံစားပေးနေသကဲ့သို့ပင်။

ရှီချန်အန်းသည် အမဲလိုက်ကွင်းထဲရှိနေစဉ်က သူ့အား စွပ်စွဲပြစ်တင်ပြောဆိုသွားခဲ့သည်။ ထိုအတွက် သူ့ဖခမည်းတော်သည် သူ့အား အရေးမယူ မတုန့်ပြန်ဘဲ နေမည်မဟုတ်မှန်း ရှောင်းချင်းနျဥ့် သိသည်။ သို့သော် သူ့ထံတွင် အစောကြီးကတည်းက ဘယ်လိုဖြေရှင်းရမည်ဟူသော နည်းလမ်းရှိသည်ဖြစ်ရာ သူအနေဖြင့် စိုးရိမ်ပူပန်နေခြင်း လုံးဝ မရှိပေ။ သူ့မျက်နှာထက်တွင် နောင်တရနေသည့်အရိပ်အယောင်ပင် တစိုးတစိမျှပင် မြင်တွေ့ရခြင်းမရှိပေ။ သို့စေကာမူ သူသည် ဧကရာဇ်မင်းကြီး၏ရှေ့တွင် ဒူးထောက်ကာ ပြန်လည်လျှောက်တင်လိုက်သည်။

ကြင်ရာတော် ချန်အန်း The Rich And Honorable Chang An(MyanmarTranslation)(Unicode)Where stories live. Discover now