Unicode
Chapter - 1329 (ငါ့တောင်ပံအောက်ကနေ မင်းကိုခေါ်သွားပေးမယ်)
နဉ်ရှု ပင်ပန်းလာသလိုတောင်ခံစားနေရတယ်။ မသေနိုင်တဲ့ဂိုဏ်းထဲဝင်ဖို့ သူမမှာအစီအစဉ်မရှိတာကြောင့် လှေကားထစ်ပေါ်မှာထိုင်နေဖို့ဆုံးဖြတ်လိုက်ကာ ခနလောက်အနားယူဖို့အတွက် သူမမျက်လုံးတွေကို မှိတ်ထားလိုက်တယ်။
သူမပတ်ပတ်လည်မှာ ဝိဉာဉ်ပိုင်းဆိုင်ရာစွမ်းအင်တွေက အရမ်းသိပ်သည်းနေပေမယ့် သူမဆန္ဒတွေကိုဖိနှိပ်ကာ အနှိုင်းမဲ့ကိုယ်ခံပညာကို လေ့ကျင့်နေလိုက်တယ်။ အနည်းဆုံးတော့ သူမမစတင်သေးခင် မသေနိုင်တဲ့ဂိုဏ်းထဲကထွက်ဖို့အထိ သူမစောင့်ရဦးမယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဝိဉာဉ်ပိုင်းဆိုင်ရာစွမ်းအင်တွေကို ရိုးရိုးလေးရှူရှိုက်ရတာက သူမကိုတော်တော်လေးလန်းဆန်းစေတယ်။
ဒီကမ္ဘာပေါ်မှာ အနှိုင်းမဲ့ကိုယ်ခံပညာကိုလေ့ကျင်ရတာက သူမကိုအကျိုးကျေးဇူးအများကြီးရစေတယ်။ သူမရဲ့စွမ်းအင်ကိုရွှေနဂါးစွမ်းအင်ဖြစ်တဲ့အထိ သူမကျင့်ကြံနိုင်ဖို့ သူမမျှော်လင့်တယ်။
ဝိဉာဉ်စွမ်းအားက သူမခန္ဓာကိုယ်ထဲမှာ ဖြည်းဖြည်းချင်းပျံ့နှံ့လာတာကာ သူမရဲ့စွမ်းအင်ထဲမှာ ဝိဉာဉ်အခိုးအငွေ့တစ်ခုဖြစ်လာတာကို နဉ်ရှုခံစားလိုက်ရတယ်။
သူမနည်းနည်းအံ့သြသွားခဲ့တယ်။ ကျင့်ကြံခြင်းကိုသူမ မစတင်ရသေးပေမယ့် ဝိဉာဉ်စွမ်းအားက သူမကိုယ်ထဲမှာ စီးဆင်းနေတုန်းပဲ။
ကြောက်စရာကောင်းလိုက်တာ။
ဒီလိုအခြေအနေကို အရင်တုန်းက တစ်ခါမှသူမမကြုံတွေ့ခဲ့ဖူးဘူး။ ဝိဉာဉ်စွမ်းအားကိုအဆက်မပြတ်စုပ်ယူနိုင်ဖို့ ဒီခန္ဓာကိုယ်က အရည်အချင်းပြည့်မှီနေလို့များလား?
ဟာသပဲ!
ဒီလိုအရည်ချင်းသာရှောင်စုစုမှာရှိနေခဲ့မယ်ဆိုရင် တခြားသူတွေရဲ့အသုံးချခံအနေနဲ့ ဘယ်တော့မှနှိမ့်ချဆက်ဆံခံရမှာမဟုတ်ဘူး။
YOU ARE READING
Hurry and Come to Master(Realm-21)
AdventureAuthor(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿之炮灰女配逆袭记 English Link : http://butterflyscurse.stream/novel-translations/qtf-table-of-contents/ Get...