Chapter - 1377 (ဘေးမှာသွားကစားနေ)

1.1K 223 6
                                    

Unicode

Chapter - 1377 (ဘေးမှာသွားကစားနေ)


ရှင်းဝါသခင်ရှေ့မှာကာကွယ်ပေးတဲ့ပုံနဲ့ရပ်နေတဲ့ယုလင်းဒါကို နဉ်ရှုကြည့်ပြီး နည်းနည်းပြောစရာစကားမဲ့သွားသလိုခံစားရတယ်။ အဲ့ဒီနောက် ပြောလိုက်တယ်။ "ဘေးမှာရပ်နေ။ ငါတို့ကိစ္စကို နင်နားမလည်ဘူး"

ကြက်မကြီးကသူ့ကြက်ပေါက်လေးတွေကိုကာသလိုမျိုး သူမလက်ကိုမိုင်ဒေါ့အာဆန့်တန်းလိုက်ပြီး နဉ်ရှုကိုကြည့်လိုက်တယ်။ "စီနီယာအမ၊ ဘာဖြစ်နေတာလဲ? ဆရာက ကျွန်မတို့ဆရာလေ။ သူ့ကိုအမဘယ်လိုတောင်တိုက်ခိုက်နိုင်ရတာလဲ?" သူမမေးလိုက်တယ်။

"လိမ္မာတယ်။ ဘေးမှာသွားကစားနေ" နဉ်ရှုပြောလိုက်တယ်။ "ဒီကိစ္စရဲ့နောက်ကွယ်က အကြောင်းပြချက်ကို နင်နားမလည်နိုင်ဘူး"

"ဒါပေမယ့်၊ စီနီယာအမရယ် ဘယ်လိုပဲနေနေ ဆရာကကျွန်မတို့ဆရာလေ။ ဒီလိုမျိုးဆရာ့ကိုသတ်ဖို့ကြိုးစားတာနဲ့တင် အမအခုအရမ်းရိုင်းနေပြီနော်။ အရင်တုန်းက ညီမနဲ့အမအတူတူ ဆရာ့ကိုဦးညွှတ်ခဲ့ကြတယ်လေ။ ဆရာ့အပေါ် အမဒီလိုမလုပ်သင့်ဘူး။"

ရှင်းဝါသခင်မျက်မှောင်တင်းတင်းကြပ်ကြပ်ကျုံ့သွားပြီး သူ့ရင်ဘက်ကိုဆုပ်ကိုင်လိုက်တယ်။ သူ့ရင်ဘတ်ထဲမှာ တော်တော်လေးမသက်မသာခံစားနေရတဲ့ပုံပေါ်တယ်။ ဒီမိန်းကလေးက သူ့ရှေ့ကနေသူ့ကိုကာကွယ်ဖို့ကြိုးစားနေတာကိုသူမြင်တော့၊ သူ့နှလုံးသားကလှုပ်ရှားသွားခဲ့တယ်။

နဉ်ရှုနည်းနည်းစိတ်တိုသွားတာကြောင့် သူမဘာသာသွားလိုက်ကာ ယုလင်းဒါကိုအဝေးရိုက်ထုတ်လိုက်တယ်။ ဒီကောင်မလေးအရမ်းစကားများလွန်းတယ်။

ဒီကမ္ဘာကြီးက ဒီလောက်တောင်ရိုးရှင်းနေပြီးတော့ ကောက်ကျစ်တယ်။ သူမမကျေနပ်ရင် သူမ(ယုလင်းဒါ)သူမ(နဉ်ရှု)နဲ့လာချလေ။ မဟုတ်ရင်၊ သူမရဲ့ထင်မြင်ချက်တွေကို သူမဘာသာပဲသိမ်းထားသင့်တယ်။နဉ်ရှုအားသိပ်မထည့်ပဲ ယုလင်းဒါကိုရိုးရိုးလေးအဝေးဝှေ့ယမ်းလိုက်တယ်။ ယုလင်းဒါတုန်ရီသွားပေမယ့် ဒဏ်ရာတော့မရဘူး။

ပြီးတော့၊ ဒီလောက်အားလေးက ကျင့်ကြံသူတစ်ယောက်ကို နာကျင်သွားစေမှာမဟုတ်ဘူး။ ဒါပေမယ့်၊ ယုလင်းဒါကိုနဉ်ရှုရွေ့ဖယ်လိုက်တာကို ရှင်းဝါသခင်မြင်တော့ သူ့အမူအရာပြောင်းသွားခဲ့တယ်။

Hurry and Come to Master(Realm-21)Where stories live. Discover now