Unicode
Chapter - 1375 (ဖမ်းနိုင်အောင်ဖမ်း)
မသေနိုင်တဲ့ဂိုဏ်းရဲ့မြင့်မြတ်တဲ့အစောင့်အရှောက်လက်နက်ကို တခြားတစ်ယောက်ရဲ့လက်ထဲလွှဲပေးလိုက်မယ်လို့ လူသားဘက်ကလုံးဝမမျှော်လင့်ထားခဲ့ဘူး။ တစ်ယောက်ပြီးတစ်ယောက်၊ မသေနိုင်တဲ့ဂိုဏ်းကလူတွေကို အားလုံးလှည့်ကြည့်လိုက်ကြတယ်။
ဆန့်ကျင်ဘက်အနေနဲ့၊ နတ်ဆိုးဘက်ကပျော်နေကြတယ်။ ဒီသူလျှို၊ ရှောင်စုစုက မသေနိုင်တဲ့ဂိုဏ်းရဲ့မြင့်မြတ်တဲ့အစောင့်အရှောက်လက်နက်ကိုရလာလိမ့်မယ်လို့ ရှောင်စုစုအဖတကယ်မထင်ထားဘူး။
ရှောင်စုစုအဖေရဲ့ပါးစပ်ထောင့်တွေမြှင့်တက်လာပြီး နဉ်ရှုကိုကြည့်လိုက်တာက သူ့မျက်နှာကိုပိုပြီးတော့တောင်ခန့်ညားသွားစေတယ်။ "စုစု၊ လိမ္မာစမ်းပါ။ ဒီဘက်ကို ရွှမ်းယန်ဓားပစ်လိုက်"
နဉ်ရှုခေါင်းညိတ်လိုက်တယ်။ "ဒါဆို၊ ဖမ်းနိုင်အောင်ဖမ်းနော်"
ရှောင်စုစုအဖေဆီ ရွှန်းယန်ဓားကို သူမနာခံစွာပစ်လိုက်တယ်။ အဲ့ဒါကိုဖမ်းပြီးတော့၊ သူအနီးကပ်စစ်ဆေးတော့တယ်။ နောက်တော့၊ ဓားအိမ်ကိုချွတ်ဖို့ ဓားလက်ကိုင်ကိုသူဆုပ်ကိုင်လိုက်တယ်။ (ဓားအပေါ်ကအခွံကိုပြောချင်တာနော်။ အဲ့ဒါကို ဓားအိမ်လို့ခေါ်သလားလို့၊ မှားရင်ပြောပြကြပါဦးနော်)
ရွှန်းယန်ဓားကိုဓားအိမ်ချွတ်လိုက်တဲ့အချိန်၊ အဲ့ဒါက သူ့ကိုအငိုက်ဖမ်းလိုက်သလိုမျိုး၊ ပေါက်ကွဲသွားခဲ့တယ်။ ဆံပင်အမျှင်တစ်ချောင်းလိုမျိုး အနီရောင်သွေးချောင်းမျှင်မျှင်လေးက ရှောင်စုစုအဖေရဲ့နှလုံးထဲကိုစိုက်ဝင်သွားခဲ့တယ်။
တစ်ခုခုမှားနေပြီဆိုတာ ရှောင်စုစုအဖေချက်ချင်းသဘောပေါက်သွားခဲ့တယ်။ သူ့အဝတ်တွေကိုသူတစ်ခါတည်းစုပ်ဖြဲလိုက်ပြီး သူ့ရင်ဘက်ကိုငုံ့ကြည့်လိုက်တယ်။ သူ့အရေပြားထဲမှာ တစ်ခုခုကူးလူးနေတယ်။
သူ့နှလုံးကိုသွေးစုပ်သံကောင်တွေကိုက်နေကြသလိုမျိုး သူချက်ချင်းခံစားလိုက်ရတယ်။ ဆံချည်မျှင်တွေလိုမျိုးအဲ့ဒီသွေးစုပ်သံကောင်တွေက သူ့နှလုံးထဲမှာရှေ့နောက်ရွေ့လျားနေကြတာက သူ့ကိုတအားနာကျင်စေတယ်။
KAMU SEDANG MEMBACA
Hurry and Come to Master(Realm-21)
PertualanganAuthor(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿之炮灰女配逆袭记 English Link : http://butterflyscurse.stream/novel-translations/qtf-table-of-contents/ Get...