Chapter - 1350 (ကောင်းကင်ဘုံကတာအိုတောင်မှ မကူညီနိုင်ဘူး)

1.7K 283 8
                                    

Unicode

Chapter - 1350 (ကောင်းကင်ဘုံကတာအိုတောင်မှ မကူညီနိုင်ဘူး)

ရှင်းယွဲ့အရင်ကပြောသလိုပဲ၊ လေ့လာခြင်းက တစ်စုံတစ်ယောက်ကို ဉာဏ်ကောင်းစေကာ အင်အားရှိစေတယ်။

မီးဖို(ဆေးပေါင်းဖို)ပေါ်ကဖော်စပ်ထားတဲ့ဆေးတစ်လုံးနဲ့ သူ့သိုလှောင်တဲ့နေရာက ဆေးဖော်စပ်နည်းဖော်မြူလာပုံအထူကြီးကို ရှင်းယွဲ့ယူလိုက်တယ်။ ဆေးဖော်စပ်နည်းဖော်မြူလာတွေက သေသပ်ပြီးတော့သပ်ရပ်တယ်။ တစ်ချို့စာမျက်နှာတွေက အဝါရောင်ကိုစတင်ပြောင်းနေကြပေမယ့် သူတို့ထောင့်(စာရွက်ထောင့်)တွေကတော့ လုံးဝကိုခေါက်မနေဘူး။ သူတို့ကို ရှင်းယွဲ့အရမ်းကောင်းကောင်းထိန်းသိမ်းထားတယ်ဆိုတာ ရှင်းနေတာပဲ။

နောက်ပြီး၊ ဆေးဘက်ဆိုင်ရာပါဝင်ပစ္စည်းတစ်ချို့၊ ကြယ်တာယာရတနာတွေနဲ့ (celestialကိုကြယ်တာယာလို့ပဲပြန်လိုက်ပါတယ်နော်၊ မှားသွားရင်ပြောကြပါဦးနော်) နတ်ဆိုးသားရဲအရိုးတွေကိုပါ ရှင်းယွဲ့ထုတ်ယူလိုက်တယ်။

ရှင်းယွဲ့ဘယ်လောက်စိတ်အားထက်သန်လဲဆိုတာ နဉ်ရှုမြင်တော့ ဗဟုသုတရဖို့အတွက် သူဘယ်လောက်အလေးအနက်ထားခဲ့လဲဆိုတာ သူမသတိပြုမိလာခဲ့တယ်။

"ဒါတွေအားလုံး ရှင်စုဆောင်းခဲ့တာလား?" ဒီဆေးဖော်မြူလာတွေကို သူမမြင်တော့ နဉ်ရှုမေးလိုက်တယ်။

ရှင်းယွဲ့ခေါင်းညိတ်လိုက်တယ်။ "အင်း။ ဆေးဖော်စပ်နည်းအသစ်တစ်ခုထွက်လာတဲ့အချိန်တိုင်း၊ ငါသွားပြီး မိတ္ထူတစ်စုံသွားယူတယ်။ တစ်ချို့ဆေးဖော်စပ်နည်းတွေက ကမ္ဘာအပြင်ဘက်မှာပျောက်ဆုံးသွားခဲ့ကြပေမယ့် ငါ့မှာရှိသေးတယ်။"

သူကတစ်ကယ့်ကြီး ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုပဲ။ ကျောက်စိမ်းပြားတွေကို ဖော်စပ်နည်းတွေကိုထိန်းသိမ်းဖို့အတွက် သူဘာလို့မသုံးတာလဲ? စာရွက်နဲ့ထိန်းသိမ်းဖို့ ဘယ်လောက်ကြာကြာထိဖြစ်နိုင်မှာလဲ?

"အဂ္ဂိရက်က မီးဝိဉာဉ်စွမ်းအင်တစ်ခုလိုအပ်တယ်။ မင်းမှာ မီးဝိဉာဉ်စွမ်းအင်မရှိရင် ကောင်းကင်မီးတောက် ဒါမှမဟုတ် ကမ္ဘာမီးတောက်ကို မင်းလိုလိမ့်မယ်" ရှင်းယွဲ့ပြောလိုက်တယ်။

Hurry and Come to Master(Realm-21)Where stories live. Discover now