Chapter - 1363 (ဒါဆို ဘာလို့ ကျင့်ကြံနေတာလဲ?)

1.2K 215 4
                                    

Unicode

Chapter - 1363 (ဒါဆို ဘာလို့ကျင့်ကြံနေတာလဲ?)


ကျန်းလော့အိမ်ကနေ သူတို့ထွက်လာတော့ နဉ်ရှုရဲ့အဖွဲ့ကို ရွာသားတော်တော်များများက ကြည့်နေကြတယ်။ အဲ့ဒီလူတွေကို ကျန်းလော့မြင်တော့၊ သူတို့က စိတ်ပျက်စရာအသံတွေလုပ်တဲ့အခါ သူ့လက်သီးဆုပ်လိုက်ကာ သူ့အမူအရာက သတ်ချင်နေတဲ့အမူအရာဖြစ်သွားခဲ့တယ်။

အဆုံးသတ်မှာ ကျန်းလော့ သူ့ကိုယ်သူမထိန်းနိုင်ခဲ့ဘူး။ သူ့ခန္ဓာကိုယ်က အင်အားတွေနဲ့ပြည့်နေတယ်လို့ သူထင်နေတယ်။ သူ့ကိုနှိမ်ခဲ့တဲ့သူတွေကို သူသေချာပေါက် သတ်ပစ်နိုင်တယ်။

နဉ်ရှု ကျန်းလော့ကိုအဝေးဆွဲခေါ်လာပြီး မေးလိုက်တယ် "နင်ဘာလုပ်နေတာလဲ?"

"အဲ့ဒီကျင့်ကြံသူတွေ ကျွန်တော်တို့ကို လမ်းအားလုံးခြေရာခံနိုင်တာ သေချာပေါက် ဒီလူတွေ သူတို့ကိုပြောတာဖြစ်နိုင်တယ်။ ဒီတပည့် သူတို့ကို သတ်ချင်ပါတယ်" သုန်မှုန်စွာ ကျန်းလော့ပြောလိုက်တယ်။

နဉ်ရှု မျက်လုံးတွေလှန်လိုက်တယ်။ "ရူးကန်းတဲ့သဘောမျိုးလုပ်ဆောင်ဖို့ မင်းကိုခွင့်မပြုထားဘူး။ ကျင့်ကြံသူတွေကပဲ ငါတို့ကို ခြိမ်းခြောက်တာလေ။ အခု ကျင့်ကြံတဲ့ဂိုဏ်းတစ်ခုကို မင်းဝင်လိုက်ပြီ၊ ဒီသေမျိုးတွေကို မင်းဘာမှမလုပ်ရဘူး။"

"ဒါပေမယ့်၊ အရင်က သူတို့ကျွန်တော့်ကိုသတ်ဖို့ကြိုးစားခဲ့ကြပြီး ကျွန်တော့်အမေကို သတ်ပစ်ခဲ့ကြတယ်။ ဆရာ၊ ဆရာကျွန်တော့်ကို စိတ်ထိန်းထားစေချင်ရင်၊ ဒါပေမယ့် ကျွန်တော်ထိန်းထားခဲ့မယ်ဆို၊ အဲ့ဒါဆို ကျင့်ကြံခြင်းရဲ့အဓိပ္ပာယ်ကို ကျွန်တော် တကယ်မသိတော့ဘူး။" ကျန်းလော့ကိုယ်က တုန်နေပြီး သူ့မျက်လုံးတွေက နီရဲနေခဲ့တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နတ်ဆိုးစွမ်းအင်တွေကို ထုတ်လွှင့်နေတယ်။

"မင်းအမေကိုသတ်ခဲ့တဲ့ဘယ်သူ့ကိုမဆို မင်းသတ်နိုင်တယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ။ ဒါပေမယ့်၊ ဒီလူတွေက မင်းကိုနှိမ်ခဲ့ရုံပဲလေ။ မင်းဘဝကို ဘာခြိမ်းခြောက်မှုမှ သူတို့မလုပ်ခဲ့ကြဘူးလေ။ မင်းသူတို့ကို သင်ခန်းစာပေးလို့ရပါတယ်၊ ဒါပေမယ့် သူတို့က သေမျိုးတွေပဲလေ။ မင်းသူတို့ကိုသတ်လိုက်မယ်ဆို၊ အကြောင်းပြချက်မရှိပဲ မင်းဘာသာမင်း အကုသိုလ်ပေးသလိုဖြစ်သွားမှာပေါ့။ ကျင့်ကြံတယ်ဆိုတာ အစတည်းကနေ ကောင်းကင်ဘုံနဲ့ဆန့်ကျင်ဘက်ပဲ။ သတ်ပစ်သင့်တဲ့သူတွေကို မင်းသတ်သင့်ပါတယ်၊ ဒါပေမယ့် ပြန်မတိုက်ခိုက်နိုင်တဲ့သူတွေကို မင်းသတ်လိုက်မယ်ဆို၊ မင်းကိုအနိုင်ကျင့်ခဲ့တဲ့သူတွေနဲ့ မင်းရဲ့ကြားမှာ ကွဲပြားမှုရှိမှာမဟုတ်ဘူး။" နဉ်ရှုပြောလိုက်တယ်။

Hurry and Come to Master(Realm-21)Opowieści tętniące życiem. Odkryj je teraz