Chapter - 1347 (ရေညှိဖက်၊ ကျေးဇူးတင်ပါတယ်)

1.8K 363 26
                                    

Unicode

Chapter - 1347 (ရေညှိဖက်၊ ကျေးဇူးတင်ပါတယ်)

"နတ်ဆိုးတွေကိုတိုက်ခိုက်ဖို့ ရှင့်ခန္ဓာကိုယ်ကိုသုံးလို့ရတယ်လား?" နဉ်ရှုမေးလိုက်တယ်။ နတ်ဆိုးမျိုးနွယ်ရဲ့သွေးက အရမ်းအန္တရာယ်ရှိပြီး အဆိပ်အတောက်ဖြစ်စေတယ်။

ရှင်းယွဲ့သူ့လက်တွေကိုကြည့်ရင်း ပြောလိုက်တယ်။ "နတ်ဆိုးမျိုးနွယ်ရဲ့အန္တရာယ်ရှိတဲ့သွေးကို ငါပြန်တိုက်ခိုက်ရင်ဘယ်လိုနေမလဲဆိုတာ လက်တွေ့စမ်းသပ်ကြည့်ရုံပါ။"

"အဲ့တော့ ဘယ်လိုနေလဲ? ရှင့်လက်ကိုကြည့်ရတာ အဆင်ပြေတဲ့ပုံပဲ" နဉ်ရှုခေါင်းညိတ်လိုက်တယ်။

"အဆိုးကြီးတော့မဟုတ်ပါဘူး" ခေါင်းညိတ်နေရင်း ရှင်းယွဲ့ပြောလိုက်တယ်။

"ကျွန်မရဲ့အပိတ်ကို ပြန်ဖြုတ်ပို့အတွက် ရှင်ကူညီပေးနိုင်မလားလို့ ကျွန်မမေးချင်လို့" နဉ်ရှုရိုးရိုးသားသားပြောလိုက်တယ်။

ရှင်းယွဲ့ခေါင်းညိတ်လိုက်ကာ ကျောက်စိမ်းပုလင်းကိုယူလိုက်တယ်။ အဆို့ကိုသူဆွဲဖြုတ်လိုက်တော့ အဖြူရောင်အငွေ့က ချက်ချင်းထွက်ပေါ်လာခဲ့တယ်။ ပုလင်းထဲကနတ်ဆိုးသွေးက ပွက်နေတုန်းပဲရှိသေးတယ်။အဲ့ဒီကျောက်စိမ်းပုလင်းကို ဘာတွေနဲ့လုပ်ထားတယ်ဆိုတာ နဉ်ရှုမသိဘူး။ နတ်ဆိုးသွေးရဲ့အန္တရာယ်ရှိတဲ့စွမ်းအင်ကို အဲ့ဒါကတကယ်ကြီးခံနိုင်ရည်ရှိတယ်။

ရှင်းယွဲ့သူ့လက်ချောင်းကိုပုလင်းထဲထည့်လိုက်ရင်း ပြောလိုက်တယ် "မင်းနဖူးပေါ်မှာ မန္တန်ဖွဲ့စည်းမှုတစ်ခုကို ငါရေးတော့မယ်။ နည်းနည်းတော့နာနိုင်ပေမယ့် မင်းအချိန်တစ်ခုအထိ ဒါကိုခံနိုင်ရည်ရှိဖို့လိုတယ်။"

နဉ်ရှုခဏလောက်ကြောင်သွားပြီးတော့မှ ပြောလိုက်တယ် "ရှင့်လက်ကိုသုံးမလို့လား?"

"တစ်ခြားအရာတွေက သွေးကိုပျက်စီးသွားနိုင်တယ်" ရှင်းယွဲ့မစိုးရိမ်သလိုပြောလိုက်တယ်။

နဉ်ရှုနည်းနည်းခံစားသွားခဲ့ရတယ် "ကျေးဇူးတင်ပါတယ်။ ရှင်ကျွန်မအတွက်အများကြီးလုပ်ပေးခဲ့တယ်။"

Hurry and Come to Master(Realm-21)Opowieści tętniące życiem. Odkryj je teraz