Chapter - 1373 (မုန်လာဥအစည်းလေးတစ်စည်း)

1.1K 223 2
                                    

Unicode

Chapter - 1373 (မုန်လာဥအစည်းလေးတစ်စည်း)


ဝိဉာဉ်မြက်ခင်း၊ ဂျင်စင်းနဲ့ ဝိဉာဉ်စွမ်းအင်ပေါများတဲ့ သူမအရင်ကရခဲ့တဲ့တခြားဟာတွေကို ဆေးဖက်ဝင်ဥယျာဉ်ထဲမှာ နဉ်ရှုစိုက်လိုက်တယ်။

ဘာမှမရှိတဲ့ဂိုဏ်းကို သူမလှည့်ပတ်ကြည့်လိုက်တယ်။ စာအုပ်အမျိုးစားအားလုံး၊ ရှေးဟောင်းပစ္စည်းတွေ...ကို သူမစုဆောင်းဖို့လိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူမဖြည့်ဖို့လိုတဲ့အရာတွေက တော်တော်လေးများနေရုံပါပဲ။

ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ဖို့ဆိုတာ တကယ်ကြီးလွယ်ကူမနေဘူး။

အားကောင်းတဲ့ဂိုဏ်းတွေက မျိုးဆက်အများကြီးရဲ့ တန်ဖိုးရှိတဲ့စုဆောင်းမှုတွေနဲ့ တိုးတက်မှုတွေကနေဖြစ်လာခဲ့တယ်။

ဂိုဏ်းထဲမှာကျင့်ကြံဖို့နဲ့ ကလေးကိုဂရုစိုက်ဖို့ နဉ်ရှုမှာ တပည့်နှစ်ယောက်ပဲရှိတယ်။ ဆိုတော့၊ တပည့်အများကြီး သူမသွားရှာရမယ်။

"ငါမင်းနဲ့လိုက်ခဲ့မယ်" ရှင်းယွဲ့ နဉ်ရှုကိုပြောလိုက်တယ်။

"ကောင်းပြီ။ အနက်ရောင်မြို့တော်ကို အခုသွားကြစို့" နဉ်ရှုပြောလိုက်တယ်။

ရှင်းယွဲ့ခေါင်းညိတ်လိုက်တယ်။ ကော်လံကနေသူမကို မလိုက်ပြီးတော့ သူတို့ချက်ချင်းပျောက်ကွယ်သွားတယ်။

နဉ်ရှုအရမ်းမကျေမနပ်ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူမကအခု တပည့်တွေရှိတဲ့တစ်စုံတစ်ယောက်ဖြစ်နေပြီလေ။ ဒီလိုမျိုးကော်လံကနေခေါ်သွားတာခံရတာ သူမအတွက်အရှက်ရစေတဲ့နည်းဖြစ်တယ်။

အနက်ရောင်မြို့တော်ကို သူတို့ရောက်တဲ့အချိန်၊ သူ့ညီလေးကိုကယ်ဖို့ ဟုန်တုကြိုးစားနေတာကို နဉ်ရှုကြားလိုက်ရတယ်။ ဒါပေမယ့် သူဘယ်လိုကြိုးစားကြိုးစား အလုပ်မဖြစ်ဘူး။ သူ့ခန္ဓာကိုယ်ကိုပြန်ပုံသွင်းနိုင်တဲ့အဆင့်အထိ သူမကျင့်ကြံနိုင်ရင်၊ ဘယ်လောက်ရှည်လဲဆိုတာမသိတဲ့ ကုန်းကုန်းအဖြစ်နဲ့နေရတော့မယ်။

ဟုန်တုနေ့တိုင်းဒေါသတွေဆူပွက်ကာ အရမ်းစိတ်တိုနေတယ်၊ နဉ်ရှုကို အပိုင်းတစ်သောင်းလောက်ပိုင်းပစ်မယ်လို့ ပြောနေခဲ့တယ်။

Hurry and Come to Master(Realm-21)Donde viven las historias. Descúbrelo ahora