Chapter - 1349 (ကျွန်မလက်နက်တစ်ခုလောက်လိုတယ်လို့ ကျွန်မထင်တယ်)

1.7K 307 29
                                    

Unicode

Chapter - 1349 (ကျွန်မလက်နက်တစ်ခုလောက်လိုတယ်လို့ ကျွန်မထင်တယ်)

ရှင်းယွဲ့သူ့ဝိဉာဉ်စွမ်းအင်ကို လှိုဏ်ဂူဆီ ရည်ရွယ်ချက်ရှိရှိထုတ်လွှတ်လိုက်တယ်။ အဲ့ဒီနောက်၊ လှိုဏ်ဂူထဲကနေ စိတ်ဆိုးနေတဲ့အသံရှည်ကြီးတစ်သံကို ကြားလိုက်ရတယ်။

မြွေအကြီးကြီးတစ်ကောင် လှိုဏ်ဂူအပြင်ဘက်ကိုလျောထွက်လာတာကို နဉ်ရှုတွေ့လိုက်ရတယ်။

မြွေကိုသူမမြင်လိုက်ရချိန် နဉ်ရှုချက်ချင်းရွံ့ရှာလာခဲ့တယ်။ ဘာလို့မြွေတစ်ကောင်ဖြစ်နေရတာလဲ? သူမလေ့ကျင့်ဖော်ကို သူမပြောင်းချင်မိတယ်!

မြွေရဲ့ကိုယ်လုံးက လုံးဝအနက်ရောင်အစေးတွေဖြစ်နေတယ်။ နဉ်ရှုနဲ့ရှင်းယွဲ့တို့ကို သူကြည့်ဖို့ခေါင်းမော့လိုက်တော့ သူ့လျှာကလည်းထွက်လိုက်ဝင်လိုက်ဖြစ်နေတယ်။

မြွေကြီးကရှင်းယွဲ့ကိုမြင်တော့ သူ့အကြေးခွံတွေကစိုးရိမ်တကြီးကွာကျကုန်ကာ သူ့လှိုဏ်ဂူထဲကို မြန်မြန်လျောသွားပြီး ပြန်ဝင်သွားခဲ့တယ်။

သူရှင်းယွဲ့ကိုကြောက်နေတယ်ဆိုတာ သိသာနေတယ်။

ရှင်းယွဲ့မြွေသူ့ဘာသာသူ နဉ်ရှုဆီရလွင့်သွားဖို့ တိုက်ရိုက်ထိန်းချုပ်လိုက်တယ်။ နောက်ပြီး တခြားတစ်ဖက်ကို သူတယ်လီပေါ့နဲ့သွားခဲ့တယ်။

သူမဆီမြွေကြီးပျံလာတာနဉ်ရှုမြင်တော့ ပြေးဖို့ရာသူမချက်ချင်းလှည့်လိုက်တယ်။ မြွေကြီး မြေကြီးနဲ့ရိုက်မိကာ တစ်ကမ္ဘာလုံးတုန်သွားသလိုတောင်ထင်ရတယ်။

မြွေကလည်းပြေးချင်ပေမယ့် ရှင်းယွဲ့လုပ်ထားတဲ့အတားအဆီးထဲမှာ နဉ်ရှုနဲ့တူတူပိတ်မိနေခဲ့တယ်။

မြွေနဲ့တူတူပိတ်မိနေတာကြောင့် နေရာတစ်ခုလုံးမနှစ်မြို့စရာအနံ့ရနေခဲ့တယ်။ (မြွေနားကညှီနံ့နံတာကိုပြောချင်တာထင်တယ်) သူမအောက်ဆီဂျင်ပြတ်ပြီးသေတော့မလို့ နဉ်ရှုခံစားလာရတာကြောင့် သူမလက်သီးကို မြွေရဲ့ခေါင်းဆီကိုလွှဲရိုက်လိုက်တယ်။

ဒါပေမယ့်၊ မြွေရဲ့ခေါင်းကိုရိုက်ရတာက ရာဘာတာယာတစ်ခုကိုရိုက်ရသလိုပဲ။ မြွေကြီးကိုလုံးဝနာကျင်စေမှာမဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့၊ ပြန်ကန်ထွက်တဲ့အားက နဉ်ရှုရဲ့အဆုပ်တွေကိုနာကျင်စေတဲ့အထိ အရမ်းအားပြင်းနေခဲ့တယ်။

Hurry and Come to Master(Realm-21)Where stories live. Discover now