Chapter - 1330 (ငါ့ကိုစောင့်နေ)

1.7K 291 13
                                    

Unicode

Chapter - 1330 (ငါ့ကိုစောင့်နေ)

အကြီးအကဲကြီးက ကျူးမူကို သူနဲ့အတူထွက်သွားစေခဲ့တယ်။ ကျူးမူနဉ်ရှုနားကဖြတ်သွားရင်း ပြောလိုက်တယ် "ငါ့ကိုစောင့်နေ။ ငါမင်းကိုလာရှာမယ်။"

နဉ်ရှု ရီလိုက်တယ်။ ဒီကလေးက တော်တော်ချစ်စရာကောင်းတယ်။

"သွားကြစို့။ ရွှေအမြူ​တေကိုတောင်မလုပ်နိုင်တဲ့ အဲ့ဒီလိုလူတွေကို လျှောက်သွားဖို့ခွင့်မပြုထားဘူး။" အကြီးအကဲကြီးက နဉ်ရှုကိုကြည့်လိုက်ပြီးတော့ သူ့ရဲ့ကြီးမားတဲ့လက်ဝါးကြီးကိုကျူးမူခေါင်းပေါ်တင်လိုက်ကာ သူ့ကိုအဝေးခေါ်သွားခဲ့တယ်။

"ရှင်းဝါ၊ မင်းက ဝိဉာဉ်ဖွဲ့စည်းတဲ့အဆင့်ကိုရောက်နေပြီ။ မင်းအတွက်တပည့်အချို့ယူဖို့ အချိန်ကျပြီ။" ဂိုဏ်းခေါင်းဆောင်က ရှင်းဝါသခင်ကိုပြောလိုက်တယ်။

ပုံမှန်ဆိုရင်၊ ရွှေအမြု​တေကိုလုပ်ပြီးပြီးချင်း တပည့်တွေခေါ်ယူလို့ရပေမယ့် ရှင်းဝါသခင်က တပည့်တစ်ယောက်လေးတောင် မရှိသေးဘူး။

သူ့ခေါက်ယပ်တောင်ကိုရှင်းဝါသခင်ရိုက်ပိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပဲပြောလိုက်တယ် "ဒါဆို ကျွန်တော်တပည့်နှစ်ယောက်ကို ကျပန်းရွေးချယ်ပါမယ်။"

နဉ်ရှုကို ရှင်းဝါသခင်လက်ညိုးထိုးလိုက်ကာ "အခုကစပြီး မင်းကငါ့တပည့်ခေါင်းဆောင်ဖြစ်သွားပြီ။"

လူတိုင်းအံ့သြသွားခဲ့ကြတယ်။ "ဒီကောင်မလေးက ထိန်းချုပ်နိုင်စွမ်းသုံးခုတောင်ရောနေတာနော်။ ပိုအလားအလာရှိတဲ့တခြားတစ်ယောက်ကို မင်းရွေးချယ်သင့်တယ်။" ဂိုဏ်းခေါင်းဆောင်ကပြောလိုက်တယ်။

"ရပါတယ်။ ကျွန်တော်ကျပန်းလက်ညိုးထိုးလိုက်ပြီးတော့ သူမဆီကိုရောက်သွားခဲ့တယ်။ ဒါတွေက ဖြစ်ရမှာမလို့ ဖြစ်သွားတာပဲလေ။" ရှင်းဝါသခင် တည်တည်ငြိမ်ငြိမ်ပဲပြောလိုက်တယ်။

နဉ်ရှု : o( ˘︹˘ )o *သက်ပြင်းချ*

ဘယ်လိုလုပ် သူမက သူ့လက်ထဲမှာပဲရှိနေသေးရတာလဲ? ဇာတ်လမ်းကြောင်းရဲ့အားက တော်တော်လေးကောင်းတယ်။ ရွေးချယ်ခံရတဲ့ထဲကနေ သူမဖယ်ရှားခံရမယ်လို့ သူမထင်ထားခဲ့တာလေ။

Hurry and Come to Master(Realm-21)Tempat cerita menjadi hidup. Temukan sekarang