Chapter - 1367 (ကလေးတွေနဲ့များများဆက်ဆံတာ ကောင်းတယ်)

1.2K 214 5
                                    

Unicode

Chapter - 1367 (ကလေးတွေနဲ့များများဆက်ဆံတာ ကောင်းတယ်)


ကျန်းလော့က ဘယ်လိုပဲဖြစ်ဖြစ် နဉ်ရှုနဲ့ တစ်ခန်းထဲအတူသုံးချင်တယ်။ သူတစ်ယောက်တည်း ကလေးနဲ့တစ်ခန်းနေရမယ်ဆိုရင် သူရူးသွားနိုင်တယ်။

နဉ်ရှု သူ့ကိုလွှတ်ထားလိုက်တယ်။ ကလေးကိုတိုက်ဖို့ ကျိုထားတဲ့နတ်ဆိုးသားရဲနို့တစ်ချို့ကို နဉ်ရှုစားပွဲထိုးဆီမှာလိုက်ပြီးတော့ သိုလှောင်အိတ်ထဲကနေ အဝတ်တစ်ချို့ကို အနှီးတွေအဖြစ်ဖြတ်ဖို့ ထုတ်လိုက်တယ်။

"ကြည့်ပြီး သင်ထား။ ငါဘာလုပ်လဲဆိုတာ" နဉ်ရှုပြောလိုက်တယ်။

နဉ်ရှုကလေးလဲပေးနေတာကိုကြည့်ပြီး ကျန်းလော့စိတ်ထဲမှာ သေနေသလိုခံစားလိုက်ရတယ်။ "ဆရာ၊ ကလေးကို ဆရာစောင့်ရှောက်နေတာမလို့ ဆရာသူ့ကိုစောင့်ရှောက်ဖို့ ဒီတပည့်ထားခဲ့ပေးပါမယ်။"

နဉ်ရှုနှာမှုတ်လိုက်ပြီး ပြောလိုက်တယ်။ "ဘာလို့လဲ? နင့်ဂျူနီယာညီလေးကို မင်းမစောင့်ရှောက်နိုင်ဘူးလား? ဒါကလည်း ကျင့်ကြံခြင်းတစ်မျိုးပဲ။ ကျန်းလော့၊ မင်းအတွေးတွေက အရမ်းမှိုင်တွေတွေဖြစ်နေလို့ ကလေးတွေနဲ့များများဆက်ဆံတာ နင့်အတွက်ကောင်းတယ်"

"ဆရာ၊ ဒီနည်းလမ်းနဲ့မှ ကျွန်တော် ပိုပြီးတော့တောင် မှိုင်တွေတွေဖြစ်မယ်လို့ ကျွန်တော်ထင်တယ်" ကျန်းလော့ပြုံးလိုက်တယ်။

"အဲ့ဒီအမျိုးသမီးအကြောင်း သွားစုံစမ်းလိုက်" နဉ်ရှုပြောလိုက်တယ်။

ကျန်းလော့ချက်ချင်းမတ်တပ်ရပ်လိုက်တယ်။ ကလေးကိုစောင့်ရှောက်ဖို့ပြောတာနဲ့ ဆန့်ကျင်ဘက်၊ ဒီလိုကိစ္စတွေကို သူပိုလို့တောင် လုပ်ချင်သေးတယ်။

သူမရဲ့ဝိဉာဉ်စွမ်းအင်ထဲကနေ ဆံပင်အရွယ်အမျှင်သေးသေးလေးတွေကို နဉ်ရှုစုလိုက်ပြီး ကလေးရဲ့ကိုယ်ထဲ အဲ့ဒါကို ကူးပြောင်းပေးလိုက်တယ်။

နတ်ဆိုးသားရဲနို့ကို ကလေးသောက်ပြီးတဲ့နောက် အိပ်ပျော်သွားခဲ့တယ်။

ရှင်းယွဲ့အထဲလျှောက်လာပြီး ကုတင်ပေါ်မှာအိပ်နေတဲ့ကလေးကို ကြည့်လိုက်တယ်။ "ကလေးတစ်ယောက်ကို စောင့်ရှောက်တယ်ဆိုတာ အရမ်းလွယ်မနေဘူးနော်"

Hurry and Come to Master(Realm-21)Où les histoires vivent. Découvrez maintenant