Chapter - 1384 (အနှိုင်းမဲ့ကိုယ်ခံပညာကိုအဆင့်မြှင့်ခြင်း)

2.4K 234 13
                                    

Unicode

Chapter - 1384 (အနှိုင်းမဲ့ကိုယ်ခံပညာကိုအဆင့်မြှင့်ခြင်း)


ပထမစာမျက်နှာက ကျားတစ်ကောင်ဟိန်းနေတယ်၊ ဒုတိယစာမျက်နှာမှာ ကရိန်းငှက်တစ်ကောင်၊ တတိယစာမျက်နှာမှာကျ လင်းယုန်တစ်ကောင်... ဆင်တွေ၊ မြွေတွေနဲ့ နွားတွေအစရှိတဲ့တိရစ္ဆာန်အမျိုးအစားပေါင်းစုံပါတယ်။

စာမျက်နှာတစ်ခုစီမှာ တိရစ္ဆာန်တစ်ကောင်ရှိတယ် ပြီးတော့ ဘာတိရစ္ဆာန်တစ်ကောင်မှမပါတဲ့ဗလာစာမျက်နှာတစ်ချို့လည်းရှိတယ်။

ဘာဖြစ်နေလဲဆိုတာနဉ်ရှုရေးရေးလေးတောင်မသိဘူး။ 2333ကို သူမမေးလိုက်တယ်။ "အနှိုင်းမဲ့ကိုယ်ခံပညာကိုကျင့်ကြံတဲ့သူတိုင်းဖြစ်သွားတဲ့စွမ်းအင်တွေကို ဒီစာအုပ်ထဲမှာပြထားတာလား?"

"သေချာတာပေါ့" 2333ပြောလိုက်တယ် "ဒါကမင်းအတွက်အထောက်အပံ့အကျိုးဖြစ်နိုင်တယ်။ ဒါနဲ့ဆို၊ ဝိဉာဉ်စွမ်းအင်နည်းနည်းပဲရှိတဲ့ခေတ်သစ်ကမ္ဘာတွေထဲမှာတောင် မင်းကျင့်ကြံနိုင်ပြီးတော့ မင်းခန္ဓာကိုယ်သန်မာလာစေနိုင်တယ်။"

ကောင်းလိုက်တာ! စာအုပ်ကိုနဉ်ရှုဖက်ထားလိုက်တယ်။ တာဝန်ကိုသူမရှုံးနိမ့်ခဲ့ပေမယ့် အကျိုးကျေးဇူးတွေအများကြီးသူမရလိုက်တယ်။

သူမရဲ့ခံစားချက်ကချက်ချင်းမြင့်တက်သွားပြီးတော့ ကြယ်သဲတွေကိုယူလိုက်ကာ လုပ်ကြံဖန်တီးထားတဲ့အာကာသထဲသွားပြီး ငွေရောင်ဆံပင်နဲ့အမျိုးသားကိုရှာဖွေလိုက်တယ်။

ခနလောက်မူးပြီးသွားတော့၊ လုပ်ကြံထားတဲ့အာကာသထဲက ရှေးခေတ်လမ်းမပေါ်မှာ သူမရပ်နေခဲ့တယ်။ဆွေးနွေးခန်းထဲကို သူမတည့်တည့်မတ်မတ်သွားလိုက်တယ်။ ဆွေးနွေးခန်းထဲသူမဝင်လိုက်တော့၊ လင်းယုန်သစ်သားအနံ့ယဉ်ယဉ်လေးကိုသူမရှူမိတယ်။

အဲ့ဒီအနံ့က သူမနှလုံးသားလေးကိုအနှိုင်းမဲ့တည်ငြိမ်စေပြီး ဝိဉာဉ်နဲ့ဆိုင်တဲ့စိတ်ရှုပ်မှုတွေအားလုံးအဝေးလွှင့်သွားသလိုခံစားစေရတယ်။

နဉ်ရှုအများကြီးရှူလိုက်တယ်။ နည်းနည်းလေးကတောင် တော်တော်ထိရောက်တယ်။အတွင်းခန်းထဲကို ငွေရောင်ဆံပင်နဲ့အမျိုးသားဝင်လာပြီး နဉ်ရှုကိုတွေ့တော့ သူ့မျက်ခုံးတွေပင့်တက်သွားတယ်။

Hurry and Come to Master(Realm-21)Where stories live. Discover now