Unicode
Chapter - 1357 (တကယ်ကြီးကို မြင့်မြတ်တဲ့ရှေးဟောင်းပစ္စည်းတစ်ခုပဲ!)
ရှင်းယွဲ့လုပ်ထားတဲ့ ကောင်းကင်ခွဲနိုင်တဲ့ပုဆိန်က တပ်မက်နေတဲ့မျက်လုံးပေါင်းများစွာကို ဆွဲဆောင်သွားခဲ့တယ်။
နဉ်ရှုလက်ထဲက ပုဆိန်ကို လူတွေငေးကြည့်နေတုန်း၊ တစ်ယောက်ချင်း၊ သူတို့မျက်လုံးတွေက အနီရောင်ပြောင်းလာကြကာ သူတို့အသက်ရှုနှုန်းတွေ မြန်လာကြတယ်။ ဒါက တကယ်ကြီးကို မြင့်မြတ်တဲ့ရှေးဟောင်းပစ္စည်းတစ်ခုပဲ!
ပုဆိန်ကို နဉ်ရှုဆုတ်ကိုင်လိုက်ကာ အပေါ်ကိုကိုယ်ဖော့လိုက်ရင်း ပြောလိုက်တယ်။ "ဒီပုဆိန်က ကျွန်မလက်ထဲကနေ လုယူနိုင်တဲ့ဘယ်သူမဆိုနဲ့ သက်ဆိုင်တယ်!"
ကျင့်ကြံသူတွေက မြင့်မြတ်တဲ့ရှေးဟောင်းပစ္စည်းရဲ့ဆွဲဆောင်မှုအောက်ကနေ မလွတ်မြောက်နိုင်ကာ သူတို့ထဲကတစ်ယောက်က နဉ်ရှုဆီ ပြေးလာခဲ့တယ်။
တစ်စုံတစ်ယောက်က စတိုက်ခိုက်ပြီးနေတာကို တခြားသူတွေမြင်သွားကြတော့၊ မြင့်မြတ်တဲ့ရှေးဟောင်းပစ္စည်းကို သူတို့မပိုင်ဆိုင်နိုင်တော့မှာကို စိုးရိမ်လာခဲ့ကြတယ်။ အဲ့ဒီနောက်မှာ သူတို့လည်း နဉ်ရှု
ဆီကို ပြေးသွားကြတော့တယ်။
ဒါပေမယ့်၊ တစ်ချို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေက အရမ်းကိုနှေးကွေးနေသလိုမျိုး မလှုပ်ရှားကြဘူး။
သူမရဲ့ဝိဉာဉ်စွမ်းအင်တွေကို အဲ့ဒီအထဲကိုလှည့်ပေးလိုက်တော့ နဉ်ရှုလက်ထဲမှာကိုင်ထားတဲ့ပုဆိန်က တုန်ခါလာခဲ့တယ်။ သူမပုဆိန်ကိုမြှောက်လိုက်တော့ ဧရာမပုဆိန်အရိပ်တစ်ခုက သူမအနောက်မှာထွက်ပေါ်လာပြီး လူအုပ်ကြီးဆီကို ခွဲလိုက်တယ်။
ဧရာမပုဆိန်အရိပ်ကြီးရဲ့တိုက်ခိုက်တာကို ကြုံလိုက်ရတော့၊ ကျင့်ကြံသူအများစုက လေရဲ့အရှိန်ကြောင့် သွေးအန်သွားကြကာ သူတို့ရဲ့တိုက်ခိုက်စွမ်းရည်ကိုပါ ဆုံးရှုံးသွားခဲ့ကြတယ်။ ထပ်ပြီး၊ တစ်ချို့ကျင့်ကြံသူတွေကဆို သူတို့သိနိုင်စွမ်းတွေကို ဆုံးရှုံးသွားတာက၊ သူတို့ဝိဉာဉ်စွမ်းအင်အသိတွေကိုတောင် ပျက်ဆီးဆုံးရှုံးသွားသလိုခံစားလိုက်ရတယ်။ သူတို့အသက်ရှင်လား ဒါမှမဟုတ် သေလားဆိုတာတောင် မသေချာဘူး။
ESTÁS LEYENDO
Hurry and Come to Master(Realm-21)
AventuraAuthor(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿之炮灰女配逆袭记 English Link : http://butterflyscurse.stream/novel-translations/qtf-table-of-contents/ Get...