Unicode
Chapter - 1326 (ပထမရတဲ့သူဆုရလိမ့်မယ်)
ရှင်းဝါသခင်ရဲ့ထူးဆန်းတဲ့ရည်ရွယ်ချက်ကို ယုလင်းဒါချက်ချင်းခံစားမိလိုက်ကာ ရုတ်တရက် မကောင်းတွေခံစားချက်တွေခံစားမိခဲ့တယ်။
သူမမျက်လုံးထောင့်နားကနေ ရှင်းဝါသခင်နဲ့ယုလင်းဒါတို့ကို နဉ်ရှုကြည့်လိုက်တယ်။ ဒီဆရာတပည့်အတွဲက မြေခွေးအိုနဲ့ယုန်ငယ်လေးဇာတ်လမ်း အခြေခံသဘောတရားနဲ့ဆင်နေတယ်။
ယုလင်းဒါနဲ့ပတ်သတ်ပြီး ဆန့်ကျင်စရာအကြောင်း နဉ်ရှုမှာမရှိဘူး။ မူလဇာတ်လမ်းကြောင်းထဲမှာတောင်၊ လင်းယုဒါကြောင့် ရှောင်စုစုမထိခိုက်ခဲ့ဖူးဘူး။
ရှောင်စုစုက ယုလင်းဒါရဲ့စီနီယာအမဖြစ်တယ်။ သူမကယုလင်းဒါထက် အသက်ကြီးတာကြောင့် ယုလင်းဒါကို တမင်တကာဒုက္ခရောက်အောင်လုပ်မလုပ်ခဲ့ဘူး။
သူမသခင် ယုလင်းဒါအပေါ်ဘယ်လောက်မြတ်နိုးကြောင်း သူမမြင်တဲ့အခါ ရှောင်စုစုနည်းနည်းတော့မနာလိုခဲ့ပေမယ့် အရင်တည်းကအားနည်းမှုနဲ့ မကောင်းတဲ့ကိုယ်ရေးကိုယ်တာကိုပေးခံထားခဲ့ရတာကြောင့် ဒါကိုသဘာဝကျစွာပဲ သူမမဖော်ပြခဲ့ဘူး။ (ရှောင်စုစုကအားနည်းပြီးကြောက်တတ်တဲ့သဘောရှိတာမလို့ သူ့စိတ်ခံစားချက်ကိုထုတ်မပြောရဲခဲ့ဘူး။ အဲ့လိုသဘောထင်ပါတယ်။)
ရေတွင်းထဲကရေက မြစ်ထဲကရေကို အကျိုးသတ်ရောက်မှုမရှိဘူးဆိုသလိုပဲ သူမသခင်အပေါ်မှာထားတဲ့ရှောင်စုစုရဲ့ချစ်ခြင်းတွေက ယုလင်းဒါနဲ့သူမရဲ့ဆက်ဆံရေးကို အကျိုးသတ်ရောက်မှုမရှိဘူး။ ထပ်ပြောရရင်၊ အစတည်းကမကောင်းတဲ့ရည်ရွယ်ချက်နဲ့ မသေနိုင်တဲ့ဂိုဏ်းကိုရှောင်စုစုဝင်ခဲ့တာကြောင့် သူမဒေါသထွက်ပြီးကန်ထုတ်ပစ်ဖို့ မလုပ်ရဲဘူး။
သူမထိန်းချုပ်ခံခဲ့ရပြီးတော့ စိတ်မကောင်းသလိုခံစားခဲ့ရပေမယ့် သူမဘဝကိုတောင် မကယ်တင်နိုင်ခဲ့ဘူး။ ဒီလိုကမ္ဘာမှာမွေးဖွားလာခဲ့တာက သူမရဲ့အကြီးမားဆုံးအပြစ်ဖြစ်ခဲ့တယ်။
VOCÊ ESTÁ LENDO
Hurry and Come to Master(Realm-21)
AventuraAuthor(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿之炮灰女配逆袭记 English Link : http://butterflyscurse.stream/novel-translations/qtf-table-of-contents/ Get...