Chapter - 1364 (ပုံမှန်အတိုင်း ရတနာတွေကို ကောက်ယူတယ်)

1.2K 234 3
                                    

Unicode

Chapter - 1364 (ပုံမှန်အတိုင်း ရတနာတွေကို ကောက်ယူတယ်)

သူတို့ခရီးစဉ်အတွင်းမှာ၊ ခက်ခဲတဲ့အလုပ်တွေရော ညစ်ပတ်တဲ့အလုပ်တွေရော အားလုံး ကျန်းလော့လုပ်ခဲ့တယ်။ နဉ်ရှုက သူ့နောက်ကနေ ရိုးရိုးလေးလိုက်ပြီး ရတနာတွေကောက်ရုံပဲ။

အမျိုးမျိုးသောကောင်းကင်ပေါ်ကရတနာတွေအားလုံးကို သူမဖြတ်လျှောက်လာတော့ အရင်ကလောက် နဉ်ရှုအထိတ်တလန့်မဖြစ်တော့ဘူး။ သူမရဲ့သိုလှောင်အိတ်ထဲ အဲ့ဒါ(ရတနာ)တွေကို ရိုးရိုးလေးကောက်ကာ ထည့်လိုက်တယ်။

ဂိုဏ်းတစ်ခုတည်ထောင်ဖို့ဆိုရင်၊ အရင်းအနှီးအများကြီး သူမလိုတာကြောင့် သူတို့(ရတနာ)တွေစုဆောင်းတာကို သူမစတင်တော့တယ်။

အင်အားသိပ်မရှိတဲ့နတ်ဆိုးသားရဲတွေကို သူတို့တွေ့ကြုံရတိုင်း၊ ကျန်းလော့ကို နဉ်ရှုဖြေရှင်းခိုင်းခဲ့တယ်။ အဲ့ဒါကြောင့် ကျန်းလော့ရဲ့ခန္ဓာကိုယ်က ချက်ချင်းကို အမာရွတ်အဟောင်းတွေရော အမာရွတ်အသစ်တွေရောနဲ့ ဖုံးသွားခဲ့တယ်။

အင်အားရှိတဲ့နတ်ဆိုးသားရဲတွေကို သူတို့ကြုံတွေ့ရရင်၊ နဉ်ရှု သူမဘာသာအရင်သွား(တိုက်ခိုက်)တယ်။ ဒါပေမယ့်၊ သူ့ကို အရမ်းသန်မာလာတယ်လို့ထင်အောင်၊ သူမနဲ့အတူ ကျန်းလော့ကို တွဲခေါ်ဖို့ သူမမမေ့ခဲ့ဘူး။အချိန်တိုင်း၊ သူမရဲ့လက်တစ်ဖက်မငှားခင် အဆိုးဝါးဆုံးအချိန်မတိုင်ခင်အထိ နဉ်ရှုစောင့်နေလိမ့်မယ်။ သေမင်းတံခါးဝကို သူအကြိမ်ကြိမ်လျှောက်နေခဲ့ပြီးပြီလို့ ကျန်းလော့ထင်လာခဲ့တယ်။

သူ့နှလုံးသားက စိတ်တိုမှုတွေနဲ့ပြည့်လာပေမယ့် နောက်ပိုင်းကျတော့ သူ့ထက်သေးတဲ့မိန်းကလေးတစ်ယောက်ရဲ့ကော်လံကနေဆွဲမတာကို ခံလိုက်ရတော့ အကူအညီမဲ့သလို ထင်လာခဲ့ပြန်တယ်။

ကျန်းလော့ခေါင်းကို သူ့လက်တွေနဲ့ကိုင်ထားလိုက်တယ်။

ကျန်းလော့က နဉ်ရှုရဲ့တပည့်ဖြစ်လာဖို့အလားအလာရှိတာကြောင့်ဆိုပေမယ့် သူ့အတွက် တော်တော်လေးကောင်းတဲ့လက်နက်တစ်ခုကို ရှင်းယွဲ့ကလုပ်ပေးခဲ့တယ်။ အနှိုင်းမဲ့ကိုယ်ခံပညာကိုလေ့ကျင့်တာကလည်း အရမ်းကိုအင်အားကောင်းလာစေတယ်။ (ကျန်းလော့က နဉ်ရှုတပည့်ဖြစ်လာတော့မှာမလို့ သူ့ကိုရှင်းယွဲ့က လက်နက်တစ်ခုပေးတယ်လို့ထင်တာပဲ)

Hurry and Come to Master(Realm-21)Where stories live. Discover now