Chapter - 1323 (နတ်ဆိုးတွေနဲ့ ကျင့်ကြံသူတို့ကမ္ဘာ)

9.3K 423 16
                                    

Unicode

Chapter - 1323 (နတ်ဆိုးတွေနဲ့ ကျင့်ကြံသူတို့ကမ္ဘာ)

မိန်းကလေးက တောဝက်ကိုလွှတ်ပစ်ချင်တယ်ဆိုတာကိုနဉ်ရှုကြားတော့ အံ့သြသွားခဲ့တယ်။ သူမမေးလိုက်တယ် "ဒါကိုလွှတ်ပစ်လိုက်ရင် ငါတို့ဘာစားကြမှာလဲ?"

"ငါတို့မှာရိက္ခာခြောက်တွေရှိတယ်လေ၊ အဲ့ဒါကြောင့် ဒီလိုဟာတွေကိုစားစရာမလိုဘူး။"

နဉ်ရှု : "..."

တကယ်စိတ်ပျက်စရာကောင်းတယ်။ ဟိုအမျိုးသားကပြောတာကျတော့ ဒီတောဝက်ရိုင်းက သူတို့ရဲ့ညစာတဲ့ ပြီးတော့ သူမဒါကိုတကယ်ယုံခဲ့တယ်! ငါဝေစုကို ယုံကြည်ခဲ့တယ်!

တောဝက်ရဲ့ဗိုက်ကိုခွဲပြီးဖွင့်လိုက်လို့ထွက်လာတဲ့အနံ့ကိုသည်းခံရတာ သူမအတွက်တော်တော်လေးခက်ခဲတယ်။ ပြီးတော့ အဲ့အနံ့က သူမတစ်ကိုယ်လုံးစွဲသွားသလိုပဲ။

နဉ်ရှုတော်တော်လေးဆွံ့အသွားခဲ့တယ်။ သူမကို ရိက္ခာခြောက်တွေအကြောင်းမပြောခင် ဒီမိန်းကလေးက သူမတောဝက်ကလီစာတွေကိုဆွဲထုတ်တာပြီးတဲ့အထိစောင့်နေခဲ့တယ်။

သူမနဲ့ငြင်းခုန်ဖို့ နဉ်ရှုအရမ်းပျင်းနေခဲ့တယ်။ သွေးတွေကိုသုတ်ဖို့ရာ မြက်လက်တစ်ဆုပ်ကိုပဲ ယူလိုက်တယ်။

တောဝက်ရိုင်းတစ်ကောင်လုံးကို တွင်းထဲမှာကင်လိုက်တယ်။ အဲ့ဒီနောက် လူတိုင်းအတူတူဝိုင်းဖွဲ့လိုက်ကြတယ်။

အဲ့အချိန်မှာ ကောင်းကင်ကလည်း အမှောင်ဘက်သန်းနေခဲ့ပြီ။ တောထဲကငှက်အချို့ကလည်း အော်မြည်ကြတယ်၊ ကြောက်စရာကောင်းတဲ့ခြောက်ခြားစရာအသံကျယ်ကြီးတွေကို ထုတ်နေကြတယ်။

ထပ်ပေါင်းရရင်၊ မတူညီတဲ့အရိပ်တွေကသစ်ပင်တွေပေါ်မှာကျရောက်လာတော့ လေထုကိုအရမ်းကြောက်စရာကောင်းသွားစေတယ်။ လူတိုင်းက သူတို့အဖော်တွေဘက်ကို တစ်လက်မလောက်ကပ်သွားကြတယ်။သူတို့ထဲကတစ်ယောက်က ရိက္ခာခြောက်တွေကိုစားဖို့ ထုတ်လိုက်တယ်။ သူမခါးနားမှာအိတ်ရှိနေပြီးတော့ အဲ့ဒီအိတ်ထဲမှာဘာမှမရှိတာကို နဉ်ရှုသိလိုက်ရတယ်။ သူမရေထည့်တဲ့အိတ်ထဲမှာကော ရေတစ်စက်မှမရှိဘူး။

Hurry and Come to Master(Realm-21)Donde viven las historias. Descúbrelo ahora