Chapter - 1382 (ကျန်းလော့)

1.3K 207 3
                                    

Unicode

Chapter - 1382 (ကျန်းလော့)


လုံလောက်သွားပြီ၊ အမြှောင်စာဇာတ်ကောင်က အမြှောင်စာနေရာမှာပဲနေသင့်တယ်။ ဘာဇာတ်ဆောင်မှမဟုတ်ဘူး -ပြီးဆုံးသွားသင့်နေပြီ!

နဉ်ရှုဆိုဖာပေါ်စိတ်ပျက်လက်ပျက်လှဲချလိုက်တယ်။ သူမအိပ်သင့်တယ်!

သူမနှလုံးသားထဲက မှိုင်းတိုင်းတိုင်းခံစားချက်တွေကို ဘယ်သူမှမဖယ်ရှားနိုင်ဘူး။ သူမကိုယ်ပေါ်မှာကံကောင်းခြင်းတွေတိုးလာရင် သေချာပေါက်spaceမှာအစီအစဉ်တွေရှိလာတယ်။

ဒါပေမယ့်...

အဲ့အကြောင်းဆက်မပြောတော့ဘူး၊ သူမငိုမိလိမ့်မယ်။

အဲ့အကြောင်းနဉ်ရှုဆက်တွေးနေခဲ့တယ်။ သူမဘဝကိုတာဝန်အပ်နှံသူအနေနဲ့ပဲနေသင့်တယ်၊ အထူးသဖြင့် သူတို့အတွက်ပြန်တိုက်ခိုက်ပေးရတဲ့အချိန်မှာပေါ့။

ဒါပေမယ့်...

အဲ့ဒီအပိုဆောင်းကူညီပေးတာက သူမအမှားလည်းမဟုတ်ဘူး။

သူမအိပ်သင့်နေပြီ။

သူမနိုးမလာခင်အထိဘယ်လောက်တောင်အိပ်ခဲ့လည်း နဉ်ရှုမသိဘူး။ မှိုင်းတိုင်းတိုင်းဖြစ်နေတာနည်းသွားသလိုပဲ။

2333ကို သူမပြောလိုက်တယ်။ "ငါထွက်လာပြီးတော့ အဲ့ဒီကမ္ဘာမှာဘာတွေဖြစ်နေလဲဆိုတာကြည့်ချင်တယ်"

နောက်ဆုံးမှာ၊ ဒါကနဉ်ရှု သူမဘာသာတည်ထောင်ခဲ့တဲ့ဂိုဏ်းလေ။ သူမအဲ့ဒါကိုမြင်ချင်တယ်။

"ကောင်းပြီ" 2333ပြောလိုက်တယ်။ "မင်းရဲ့ပြန်တိုက်ခိုက်မှုနောက်ကို ဒီကမ္ဘာကလိုက်လာခဲ့တယ်"

နဉ်ရှုရှေ့မှာဖန်သားပြင်တစ်ခုပေါ်လာတယ်။ ဖန်သားပြင်ပေါ်မှာ နဉ်ရှုက သူမရဲ့သေဆုံးသွားတဲ့အနေအထားနဲ့။ သူမအဝတ်အစားတွေပေါ်မှာ ဖုန်တစ်ချို့တက်နေတာကြောင့် သေချာပေါက် သူမသေသွားတာတော်တော်ကြာသွားခဲ့ပြီ။

"ဒီspaceကိုငါရောက်ရုံလေးရှိသေးတယ်လေ၊ သူတို့ဘက်မှာအချိန်ကြာကြီးတစ်ခုကိုဖြတ်သန်းခဲ့ရသလိုမျိုးဖြစ်နေတယ်?" နဉ်ရှုမေးလိုက်တယ်။

Hurry and Come to Master(Realm-21)Where stories live. Discover now