Unicode
Chapter - 1348 (မင်းငါ့ကိုမယှဉ်နိုင်ပါဘူး)
အဲ့အချိန်တုန်းက ဒီရေညှိဖတ်ကကလေးလေးပဲရှိသေးတာကို သူမမေ့သွားခဲ့တယ်။ သူအဲ့တုန်းက တစ်စက်လေးတောင်သိတတ်မှုမရှိခဲ့ဘူး။
"ကျွန်မဘာမှမလုပ်ပေးခဲ့ပါဘူး" နဉ်ရှုပြောလိုက်တယ်။ "ရှင်ကျွန်မနောက်လိုက်ချင်နေလည်း လိုက်ခဲ့လိုက်တော့"
စားသောက်ပြီးတော့ ကျင့်ကြံဖို့ရာ နဉ်ရှုသူမအခန်းထဲကိုပြန်လာခဲ့လိုက်တယ်။
သူမရဲ့ကျင့်ကြံနှုန်းက အရမ်းမြန်လာခဲ့တယ်။ ဝိဉာဉ်စွမ်းအင်က သူမခန္ဓာကိုယ်ထဲမြန်မြန်ဆန်ဆန်ကြီးတိုးဝင်လာခဲ့ပြီးနောက် သူမရဲ့ဝိဉာဉ်စွမ်းအင်ထဲမှာ နဂါးပုံစံအဝိုင်းလေးအဖြစ်ဖွဲ့စည်းသွားခဲ့တယ်။
နဂါးပုံစံဝိဉာဉ်စွမ်းအင်အဝိုင်းလေးရဲ့ကိုယ်ထည်တစ်ခုလုံးက တောက်ပတဲ့ရွှေရောင်ဖြစ်ကာ နဉ်ရှုရဲ့ဝိဉာဉ်စွမ်းအင်ထဲမှာ ကူးခတ်နေခဲ့တယ်။ သူ့မှာနဂါးနှုတ်ခမ်းမွှေးတွေနဲ့ သူ့မျက်လုံးထဲမှာမျက်ဆံအနက်တွေတောင် ရှိနေသေးတယ်။ (နဂါးနှုတ်ခမ်းမွှေးကိုသိတယ်မလား၊ မူလန်ကာတွန်းထဲက မူရှူးရဲ့နှုတ်ခမ်းမွှေးလိုမျိုးကိုပြောတာနော်)
ပထမတုန်းက နဂါးတစ်ကောင်အဖြစ်ပဲ ဖွဲ့စည်းခဲ့တယ်။ အခုတော့၊ ဒါကတကယ်ကြီးကို ဝိဉာဉ်တစ်ခုဖွဲ့စည်းသွားခဲ့ပြီ။
နဉ်ရှုရဲ့ယုံကြည်မှုတွေတိုးလာခဲ့တာကြောင့် သူမမရပ်မနားပဲဆက်တိုက်ကျင့်ကြံခဲ့တယ်။
ဒါပေမယ့် သူမကျင့်ကြံနှုန်းတိုးလာတာတောင် နဂါးပုံစံအဝိုင်းလေးရဲ့ရွှေရောင်က တကယ်ကြီးမှိန်လာခဲ့တယ်။ တောက်ပတဲ့အဝါရောင်တောက်ပနေတာက ပျောက်ကွယ်သွားကာ ငွေရောင်အဖြစ်တကယ်ကြီး စတင်ပြောင်းသွားခဲ့တယ်။
နဉ်ရှုသူမခေါင်းကိုစိတ်ရှုတ်နေတဲ့အမူအရာနဲ့ ကုတ်လိုက်တယ်။ ဒီရုတ်တရက်ပြောင်းလဲမှုကို ဘာကဖြစ်စေခဲ့လဲဆိုတာ သူမမသိတော့ဘူး။
သူမရဲ့တိုက်ခိုက်ရည်အင်အားကိုအကဲဖြတ်ဖို့ရာ ရှင်းယွဲ့ကိုသာ သူမရှာလိုက်တော့တယ်။
KAMU SEDANG MEMBACA
Hurry and Come to Master(Realm-21)
PertualanganAuthor(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿之炮灰女配逆袭记 English Link : http://butterflyscurse.stream/novel-translations/qtf-table-of-contents/ Get...