Chapter - 1359 (ဒါတွေကတကယ်ကြီးဆေးတွေ လား?)

1.4K 250 14
                                    

Unicode

Chapter - 1359 (ဒါတွေက တကယ်ကြီးဆေးတွေလား?)

အခန်းကို ကျန်းလော့ရှင်းလင်းပြီးသွားတော့၊ သူအပြင်ထွက်လာကာ နဉ်ရှုကိုပြောလိုက်တယ် "ဆရာ၊ အခန်းကို သန့်ရှင်းပြီးသွားပြီ"

နဉ်ရှု ကျန်းလော့ကို တစ်ချက်ကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်တယ်။ "မင်းကို အလုပ်ရှုပ်သွားစေပြီ"

အခန်းထဲကိုဝင်ဖို့ ကျန်းလော့ဦးဆောင်ဝင်လာခဲ့တယ်။ နဉ်ရှုလည်း သူ့နောက်ကလိုက်လာပြီး အခန်းကို ခြုံကြည့်လိုက်တယ်။ ဒါကအရမ်းရိုးရှင်းပေမယ့် အနည်းဆုံး သန့်ရှင်းတယ်လို့တော့ မှတ်ယူလို့ရတယ်။

"ကျွန်တော် သွားချက်ပြုတ်လိုက်ဦးမယ်" ကျန်းလော့ပြောလိုက်တယ်။

နဉ်ရှုလက်ယမ်းလိုက်ကာ ပြောလိုက်တယ် "မလိုဘူး။ ငါ့မှာ အဆာခံဆေးလုံးတွေ အများကြီးရှိတယ်။"

သူမ ပုလင်းတစ်လုံးကိုထုတ်လိုက်ကာ အဲ့ဒါကို ကျန်းလော့ဆီပစ်ပေးလိုက်တယ်။ သူ ပုလင်းကို မြန်မြန်ဖမ်းလိုက်ကာ အဆာခံဆေးလုံးအနည်းငယ်ကို သွန်လိုက်တယ်။ နောက်ပြီး၊ သူ့လက်ဖဝါးထဲက ဆေးလုံးတွေကို သူကြည့်လိုက်တယ်။

ကျန်းလော့ဆွံ့အသွားခဲ့တယ်။ ဒါတွေက တကယ်ကြီးဆေးတွေလား? ဘယ်လိုလုပ် ဆေးတစ်လုံးချင်းဆီက ပုံစံမတူတာတွေထွက်လာတာလဲ? ဝိဉာဉ်စွမ်းအင်နဲ့ဆို ဆေးလုံးတွေက ချောမွေ့တာ၊ လုံးဝိုင်းပြီးတော့ အရမ်းကောင်းနေသင့်တာမဟုတ်ဘူးလား?

သဘာဝကျစွာနဲ့၊ ကျန်းလော့ရဲ့မျက်နှာအမူအရာကို နဉ်ရှုမြင်တော့ သူမနှလုံးသားက မကျေနပ်ချက်တွေအားလုံးနဲ့ ကျိန်ဆဲမှုတွေနဲ့ ပြည့်လာခဲ့တယ်။ သူမချောင်းဟန့်လိုက်ပြီး ပြောလိုက်တယ် "သူတို့ကမလှပေမယ့် အကျိုးသက်ရောက်မှုကတော့ အတူတူဖြစ်နေတုန်းပဲ။ နင့်အစာအိမ်ထဲကို သူတို့တစ်ကြိမ်ဝင်သွားရင် ဘာမှကွဲပြားတာမရှိဘူး။"

"ကျေးဇူးအများကြီးတင်ပါတယ်၊ ဆရာ။" ကျန်းလော့ဆေးလုံးတွေကို လက်ခံလိုက်ကာ နဉ်ရှုရှေ့မှာ ဒူးထောက်လိုက်တယ်။ "ဆရာ၊ ဒီတစ်ယောက်ကို ဆရာ့ရဲ့တရားဝင်တပည့်တစ်ယောက်အဖြစ် ကျေးဇူးပြုပြီး လက်ခံပေးပါ"

Hurry and Come to Master(Realm-21)Wo Geschichten leben. Entdecke jetzt