သူမ တော်တော်ကြီးနောင်တရမိသည်။ မိတ်ကပ်လည်းမလိမ်းလာမိဘူး မျက်ကွင်းတွေလည်းညိုနေတယ် ဝတ်လာတာကလည်း ပုံမှန်ဝတ်နေကျ ရှပ်နဲ့ ဂျင်းဘောင်းဘီ ---- သူမ ဒီလိုခပ်ချောချော ယောက်ျားလေးနဲ့တွေ့ရမယ်ဆိုတာကြိုသိခဲ့ရင်
ဒီထက်ပိုကောင်းတာလေးတော့ ဝတ်ခဲ့မိမှာပါ။ဒေါက်တာက မေးလိုက်သည်။
" ဘယ်နေရာက နေမကောင်းဖြစ်တာလဲ"သူမ ဒေါသသံနဲ့ဖြေလိုက်မိသည်။
" အိပ်မပျော်တဲ့ရောဂါလေ
အိပ်မပျော်တာ ငါးရက်လောက်ရှိပြီ"မထင်မှတ်ဘဲ ဒေါက်တာက ရယ်မောလာပြီး ညာဘက်ပါးပေါ်က ပါးချိုင့်လေးကထင်းခနဲပေါ်လာသည်။"ဒါက ရောဂါဆိုပြီးတော့ သတ်မှတ်လို့မရသေးဘူး ဘယ်လိုဘဲဖြစ်ဖြစ် အခုတလောတော့ ကောင်းကောင်းအိပ်မပျော်ဘူးမဟုတ်လား"
သူမ ခဏလောက် စဥ်းစားလိုက်ပြီးခေါင်းငြိမ့်လိုက်သည်။"ကောင်းကောင်းအိပ်မပျော်ဘူး နိုးတာလည်းလွယ်တယ် နိုးသွားရင်လည်းပြန်အိပ်လို့မရတော့ဘူး ညဘက်တွေ လည်းအိပ်လို့မရတာ နည်းနည်းကြာပြီ"
သူက သူမ၏လက်ဖဝါးကို လက်ညှိုးထိုးလိုက်ပြီး "သွေးခုန်နှုန်း စမ်းကြည့်မယ်"
သူမ၏လက်ကောက်ဝတ် ကို လာထိတဲ့အချိန်မှာသူ့ရဲ့လက်ချောင်းတွေက နွေးနေတယ်။သူမ ပုံမှန်မဟုတ်သလို ခံစားနေရတယ်။ဆရာဝန်က လူနာကိုစမ်းသပ်နေတယ်ဆိုတာ သူမ သိပေမဲ့ အခုလိုချောမောတဲ့မျက်နှာမျိုးနဲ့ မျက်နှာချင်းဆိုင်နေရတော့ နည်းနည်းတော့ ရှက်နေမိသည်။သူမရဲ့ နှလုံးခုန်သံမြန်နေတာကို ဒေါက်တာ မသိပါစေနဲ့လို့ ဆုတောင်းမိလိုက်သည်။
ခဏကြာတော့ ဒေါက်တာက သူရဲ့လက်ကို ဖယ်လိုက်ကာ ဆေးမှတ်တမ်းဖွင့်ပြီး စမ်းသပ်ခဲ့သည်ကိုပြန်လည်သုံးသပ်စစ်ဆေးနေသည်။
" ခန္ဓာကိုယ်အားနည်းတယ် စိတ်ခံစားမှုထိခိုက်လွယ်တယ် အသည်းနဲ့ကျောက်ကပ်မှာ ယင်ဓာတ်အားနည်းနေပြီး အသည်းက ယန်ဓာတ်များ နေတယ် ကြံခိုင်ဖြတ်လတ်မှုကောင်းတယ် အတွေးများလွန်းတာက နှလုံးသရက်ရွက်အတွက် မကောင်းဘူး"သူမ အေးခဲသွားသည်။သူမ ကိုယ့်ကိုယ်ကို တိုးတိုးလေး ပြောလိုက်မိသည်။
"အမလေး နှလုံးနဲ့ကျောက်ကပ်က အားနည်းတာဒေါက်တာရေ ကျွန်မက ကယ်လို့ရနိုင်သေးလား"
YOU ARE READING
အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)
عاطفيةIT'S COMPLETED AT ALL!! Both Unicode And Zawgyi!! Original Author- Sheng Li Associated Names- Ai Shang Ni Shi Wo Zuo Guo Zui Hao De Shi //Falling In Love with You Is The Best Thing I Have Ever Done //Loving You Is The Best Thing. I don't own this no...