Chapter (8)Unicode

2.3K 269 3
                                        

Sheng XiFan အိမ်ပြန်ရောက်သည့်အခါ မေမေSheng က သူမအဖေနှင့်အတူ ဘလိုင်းဒိတ်မှ အကြောင်းများအား သဘောတကျနှင့်ပြောဆိုနေလေသည်။

သူမက ရပ်တန်လိုက်သည့်အခါ မေမေShengက သူမအား မသက်ာသည့်အကြည့်ဖြင့် " သမီး တခြားသူတွေနဲ့ စကားပြောရင်း ဒီလိုမျိုး ရယ်ရယ်မောမောမရှိတာ တော်တော်ကြာပြီနော် ထမင်းစားပြီဘဲပြန်လာတာ ရိုးရှင်းမနေဘူးလား "

" ဘလိုင်းဒိတ်ဆိုတာက တကယ်တွဲဖြစ်ဖို့ လိုလိုလား မိတ်ဆွေတွေလည်းဖြစ်လို့ရပါတယ်နော် "

မေမေSheng က ရယ်နေလေတော့သည်။
" ဟေး သမီးရဲ့စိတ်ကူးက လုံးဝအသစ်ပါလား
ဘလိုင်းဒိတ်က ဘလိုင်းဒိတ်ဘဲလေ သူငယ်ချင်းဖြစ်ဖို့မဟုတ်ဘူး ဒါက အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားမှာ ဆက်ဆံရေးတစ်ခု
ဖြစ်တည်လာဖို့ အကြောင်းပြချက်သက်သက်ဘဲ
သမီးက အဆင်ပြေတယ်ဆို ရှေ့ဆက်သွားမယ် သမီးနဲ့အဆင်မပြေဘူးဆိုလည်း အဲ့မှာတင် ရပ်လိုက်လို့ရတယ် "

Sheng XiFan သည် ကြောင်တောင်တောင်ဖြင့်
ဘယ်လို " ရပ် " ရမှာ၊ဖေဖေSheng ကခေါင်းလေးတစ်ဝက်ဖော်လျက် သူ၏ သမီးအား သတိပေးလိုက်သည် " ဒါက ကျော်သွားလိုက်ရုံပေါ့ "

မေမေSheng ၏ စားပွဲအားရိုက်လိုက်ပြီး
" ကြားဖြတ်မပြောစမ်းပါနဲ့ ပူးကပ်မနေနဲ့ ကျွန်မပြောတာဘဲ နားထောင်ရမယ် "

ဖေဖေSheng ၏ ခေါင်းသည် ချက်ချင်းပင် ပြန်ငုံသွားလေသည်။Sheng XiFanသည်လည်း ကူကယ်ရာမဲ့လျက် သောကရောက်ရလေသည်။ He SuYe ပေးလိုက်သည့်ဆေးများသည် ဘယ်လိုအမျိုးအစားများပါလိမ့် သူမ၏အမေအတွက်တော့ လုံးဝ မအောင်မြင်ပေ။

He SuYe၊ He Suye ဘယ်လိုထူးဆန်းတဲ့နာမည်ပါလိမ့် ဘယ်သူကများ တိုင်းရင်းဆေးနာမည်ကို ပေးခဲ့တာပါလိမ့်

Sheng XiFan သည် စားပွဲရှေ့တွင် ထိုင်လျက် သူမရှေ့တွင် စကားလုံးစာအုပ်ကိုဖွင့်ထားပြီးနောက် တောင်စဥ်ရေမရ လိုက်ရှာဖွေနေတော့သည်။ခဏကြာသည့်အခါ သူမလက်အပေါ်ရှိ လက်ရေးစာမူပေါ်တွင် သူ၏နာမည်ကိုတွေ့ရ
လေသည်။သူမ နည်းနည်းစိတ်လှုပ်ရှားနေပြီး နည်းနည်းလည်းရှက်နေမိသည်။ထို့နောက် တစ်ခုပြီးတစ်ခု ကြည့်လိုက်လေသည်။နာမည်ကို ဖုံးကွယ်ထားသည့်အတွက် စိတ်သက်သာရာရမိလေသည်။ သူမသည် ပြတင်းပေါက်ဆီသို့လျှောက်လာခဲ့သည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now