Chapter (7)Unicode

2.3K 257 8
                                        

ထမင်းစားပြီးနောက် Sheng XiFan အွန်လိုင်းသုံးနေခဲ့သည်။ခဏကြာသည့်အခါ မေမေSheng က အော်ပြောလာသည် " Fan Fan မနက်ဖြန်မနက် အိမ်မှာဘဲစားမှာလား "

သူမပြန်ပြောလိုက်သည်။ " သမီး ကျောက်ပွင့်ကြက်ဥပန်းစွပ်ပြုတ်(seaweed egg flower soup)နဲ့ ဖက်ထုပ်ကြော် စားချင်တယ် "

မေမေSheng အမှိုက်ထုတ်တစ်ထုပ်နဲ့ရောက်လာလေသည်။ " ကျောက်ပွင့် ရော ရှာလကာရည်ရော မရှိတော့ဘူး စူပါမားကတ်သွားပြီး နည်းနည်းပါးပါးဝယ်လာခဲ့ လမ်းကြုံအမှိုက်ပါပစ်ခဲ့ပေး "

Sheng XiFan သူမခြေထောက်မှ ဝတ်ထားသည့် ချည်ဖိနပ်အပါးလေးအားကြည့်လိုက်ပြီး
" သမီး စူပါမားကတ်မသွားချင်ဘူး အပြင်ထွက်ရင် ဖိနပ်လဲရဦးမှာ အလုပ်ပိုရှုပ်တယ် "

မေမေSheng သည် မျက်နှာအမူအရာအားပြောင်းလျက် ပင်ပန်းနေသည့်လေသံဖြင့် ပြောလာလေသည်။ " လူတွေက အသက်ကြီးလာပြီ ကိုယ့်သားသမီးကို ခိုင်းရတာက ပိုခက်ခဲလိုက်တာ အမလေး ဒီလိုသာဆို ငါတော့ အနာဂတ်မှာ ဘိုးဘွားရိပ်သာကိုသွားရတော့မှာပါလား "

Sheng XiFan ချက်ချင်းထလိုက်ပြီး " သွားမယ် အခုသွားမယ်နော် " ဟုပြန်ဖြေလိုက်လေသည်။သူမသည် သူမကောလိပ်တက်သည့်အချိန်က အဆောင်တွင် စီးခဲ့သည့် ကျားခြေရာပုံစံထိုချည်ဖိနပ်လေးအား ကောက်ယူလိုက်ပြီး အမှိုက်ထုတ်အား ရတနာကြီးတစ်ခုသဖွယ် ယူဆောင်လာခဲ့သည်။သူမ၏အမေသည် ပို၍ပို၍သာ ရန်လိုချင်နေပါတော့သည်။အတွေ့အကြုံ အရတော့ သိပ်ပြီး နူးညံ့နေတာတော့မဟုတ်ပေမဲ့ ခက်ထန်နေတယ်လည်း မဟုတ်ပါဘူးလေ။

ဆောင်းညများသည် အရမ်းကိုအေးလွန်းသည်။သူမ၏ အတွေးအေးများသည် နည်းနည်းတော့ ဟိုရောက်ဒီရောက်ဖြစ်နေပြီ ကောလိပ်တက်တုန်းက အကြောင်းများအားပြန်လည်တွေးမိလာလေသည်။သူမသည် ထိုကျားခြေရာပုံစံဖိနပ်အားစီးလျက် အဆောင်ခန်းများတစ်လျှောက် တရွတ်တိုက်ပြေးခဲ့သည်များကိုအောက်မေ့လာခဲ့သည်။

သူမ စူပါမားကတ်၏ အရှေ့ပေါက်မှ ဝင်လာလိုက်သည်။ပြန်ထွက်လာသည့်အမျိုးသားတစ်ယောက်နှင့် သူမ မျက်လုံးချင်းဆုံမိလေသည်။သူမ မှင်တက်နေမိခဲ့သည် ထို့နောက် ပတ်ပတ်လည်ကြည့်နေပြီး သူမကိုယ်သူမ ပြန်ပြောမိသည်။ " ငါမမှားပါဘူး ဒါက စူပါမားကတ်လေ ပြီးတော့ငါလည်းမဖျားသေးပါဘူး ဘာလို့လဲ ငါ့အမြင်တွေ မကောင်းတော့ဘူးထင်တယ် "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now