ယခုရက်များအတွင်း Li Jie၏ စာတမ်းနှင့်အလုပ်ရှုပ်နေသဖြင့် Shen XiFan ကောင်းကောင်းပင်မအိပ်ရချေ။အလုပ်မှာလည်း အိပ်ငိုက်သန်းဝေနေပြီး ၊ အိပ်ပြန်သည့်အချိန်ကိုတောင် သတိမကပ်မိတော့ ၊နှင်းများဖုံးလွမ်းနေသည့် လမ်းမထက် လျှောက်လာရင်း သူမ၏ခြေထောက်များက နှင်းထူထူထဲသို့နစ်ဝင်သွားသည်ကိုမြင်ပြီး ပျော်ရွှင်နေ၏။ ထို့အပြင်
ခြေတစ်လှမ်း လှမ်းတိုင်းအတော်လေး ခက်ခက်ခဲခဲလေးပင်လှ၏။နှင်းများကို ဖိနင်းပြီးထွက်လာသည့် ' ကျွိ 'ခနဲ မြည်သံလေးက သူမကို အတော်လေး ပျော်ရွှင်စေသည်။အခုတလော သူမ၏ အတွေးထဲသို့ " ငါအတော်လေးဖိအားများနေပြီးလား " ဟူသည့်မေးခွန်းက ရောက်ရောက်လာခဲ့သည်။
သူမအတွေးများနေရင်း မြေပြင်ထက်က နှင်းဖြူဖြူများကို ခြေထောက်ဖြင့် ရှုပ်ယှက်ခတ်သွားအောင် ဟိုဆော့ဒီဆော့လုပ်လိုက်သည်။
နောက်ဆုံးတွင် ခြုံငုံသုံးသပ်ပြီးသည့်အခါ He SuYe နှင့် သက်ဆိုင်နေသည်ဟုလည်း ခံစားမိသည်။သူမ သူ့ကို နည်းနည်းတော့လွမ်းသည်။
ဒီကိစ္စအကြောင်း သိပ်မတွေးမိအောင် နေသော်လည်း သူမကိုယ်သူမ အတော်လေး လျှော့တွက်မိခဲ့သည်။အစကနဦးကတည်းက ရပ်တန့်၍ မရခဲ့သည့်အတွက် အချိန်တွေလည်း အတော်လေး ကုန်ဆုံးသွားခဲ့လေပြီ။သူပေးသည့် တိုင်းရင်းဆေးမှာ ကော်ဖီ သောက်ရသလိုမျိုး အရမ်းမခါးသော်လည်း လက်ဖက်ရည်ခါးခါး သောက်ပြီးတဲ့အခါ အမွှေးနံ့မရသလိုမျိုး တရုတ်တိုင်းရင်းဆေးစသောက်သည့်အခါ ရသည့် အရသာမျိုးဖြစ်ပြီး အရသာက လျှာတွင် စွဲကျန်နေတတ်သည်။ဝေဒနာ သက်သာစေသဖြင့်သောက်ကိုသောက်ရမည်။သူ့အတွက် တွေးပေးရမည်လေ။
သူမ၏ဦးခေါင်းသည် စာအုပ်စင်နှင့်ဝင်တိုက်မိလိုက်ပြီး မတော်တဆဖြင့် ဗီရိုပေါ်ရှိ စာအုပ်အပုံလိုက်ကြီးကလည်း သူမပေါ်သို့ ကျရောက်လာတော့၏။သူမ နာကျင်မှုကြောင့် ညည်းညူမိပြီး စာအုပ်များကို စိတ်တိိုတိုနှင့်အပြစ်ဖို့လိုက်သည်။
သူမ၏အဖြစ်အား ရယ်မောလိုက်ပြီး သူမကိုယ်သူမ ရူးလိုက်တာဟု တွေးမိသည်။ဒါဆိုလည်းချစ်စရာကောင်းတဲ့အရူးမလေးပေါ့ သူမကိုယ်သူမ သဘောတကျဖြင့်။
![](https://img.wattpad.com/cover/270036328-288-k164846.jpg)
YOU ARE READING
အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)
RomanceIT'S COMPLETED AT ALL!! Both Unicode And Zawgyi!! Original Author- Sheng Li Associated Names- Ai Shang Ni Shi Wo Zuo Guo Zui Hao De Shi //Falling In Love with You Is The Best Thing I Have Ever Done //Loving You Is The Best Thing. I don't own this no...