Chapter (1.3)Unicode/Zawgyi

3.3K 325 1
                                    

ကံကောင်းစွာဖြင့် ပြတင်းပေါက်တွေကို မပိတ်ထားသေးပေ။သူမ ဘေးပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်ပေမဲ့ ဆူဆူညံညံ မလုပ်ရဲပေ။သူမ လက်ထဲက ငွေရှင်းစာရွက်ကို ဖျစ်ညစ်လိုက်ပြီး
ဘာလုပ်ရမှန်း မသိဖြစ်နေလေသည်။ရုတ်တရက်သူမ ကိုစမ်းသပ်ပေးသော ဒေါက်တာက ဆေးပေးခန်းထဲမှ ထွက်လာလေသည်။သူ က သူမအား မြင်သွားကာ ရယ်လျက် " အလုပ်ချိန်က ငါးနာရီခွဲလောက်မှ ပြီးလောက်မယ်ဆိုပြီး မင်းကို စောင့်နေသေးတာ "

Sheng XiFan သူမ၏လိပ်ပြာမလုံခြင်းအား နှဖူးကိုဆေးဗီရိုနဲ့ ဝင်တိုက်၍သာကျိန်းသေ ဖော်ပြလိုက်ချင်မိသော်လည်း ထိုသူကတော့ ချောမောလှသော သူ၏မျက်နှာပေါ်တွင် မည်သည့်မကျေနပ်မှု တစ်စုံတစ်ရာမှ မပြသပေ။ ဒါကြောင့် သူမ အနည်းငယ် စိတ်သက်သာရာ ရမိသည်။
ဒေါက်တာက သူမ ကို ဆေးထုတ်တစ်ထုတ် ထုတ်ပေးလာကာ " တစ်နေ့ကိုနှစ်ကြိမ်နော် သုံးရက် ပြည့်ရင် ကျန်တဲ့ဆေးကို လာယူလိုက်ပါ"

သူ စကားပြောလေတိုင်း သူ၏ပါးချိုင့်လေးများက ခပ်ရေးရေးပေါ်လာပြီး ကြည့်ရတာ အရမ်းသေးသေးလေးတွေ !!

ချက်ချင်းဘဲ သူမတစ်စုံတစ်ရာကို နားလည်သွားသည်။သူသာ အေးစက်စက်နှင့် ရေခဲတုံးကြီးလိုမျိုး မဆက်ဆံလျှင် ဒီလိုမျိုး နူးနူးညံ့ညံ့အကြည့်တွေရှိတဲ့ ဒေါက်တာတစ်ယောက်ဆီက ကုသမှုကို ဘယ်သူက မလိုချင်ဘဲနေမှာလဲ ??

Sheng XiFan တရုတ်တိုင်းရင်းဆေးအထုပ်ကြီးကိုသယ်လျက် မိတ်ကပ်လည်း မလိမ်းကာ ချိန်းထားသည့်နေရာဆီသို့ နောက်ကျမှ ရောက်လာလေသည်။သူမ အမေက သူမကိုမြင်သည့်အခါ သူမ၏ ခေါင်းအားရိုက်လေသည်။ သူမ ဆတ်ခနဲ ရွေ့လိုက်ကာ ဒေါသ သံဖြင့်" အမေ သမီးက လူနာနော် "

သူမ စားသောက်ဆိုင်သို့ရောက်သည့်အခါ
Sheng XiFan သူမ၏အမေ ဉာဏ်အလင်းပွင့်သွားလေသည်ဟုတောင် တွေးနေမိသေးသည်။
အိမ်ချက် ဟင်းတွေအကြောင်း ချီးမွမ်းခန်းမဖွင့်တော့ဘဲ သူမအား ပြင်သစ်အစားအစာတွေ စားမလားဟုတောင်မေးလိုက်သေးသည်။ဘယ်သူက သိမှာလဲ ခဏလောက်ကြာသည့်အခါ ပြုံးပြနေသည့် အန်တီကြီးတစ်ယောက်ကိုသူမမြင်လေတော့သည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now