Chapter (4.3)Unicode/Zawgyi

1.9K 275 4
                                    

He Suye ရေးလိုက်ပြီး၎င်းစာရွက်ကို သူမအားပေးလိုက်သည်။Sheng XiFan ခဏတော့အတွေးများနေမိပြီး မေးလိုက်သည်။ " ဒေါက်တာ He လူတစ်ယောက်က တုပ်ကွေးမိနေတယ် ဒါပေမဲ့ ဆေးထိုးဆေးသောက်ရတာ မကြိုက်ဘူးဆို ဘယ်လိုလုပ်သင့်လဲရှင့် "

သူခဏလောက် တွေးလိုက်ပြီး " တုပ်ကွေးပျောက်တဲ့ လက်ဖက်ရည်တော့ရှိတယ် မင်းကိုဆေးညွှန်းပေးလိုက်ရမလား "

သူမ လက်မတင်ကလေးအနိုင်ရလိုက်သည့်မျက်နှာထား​လေးဖြင့် အမြှီးဖွာဖွာနှင့် မြေခွေးလေးတစ်ကောင်ကဲ့သို့ ကြည့်နေပြီး ထပ်ခါထပ်ခါ ခေါင်းငြိမ့်ပြလာလေသည်။ဒီလိုလေးက ရယ်စရာကောင်းနေသည်ဟု He SuYeခံစားမိသည်။သို့သော်လည်း သူသည် အပြုံးလေးတစ်ခုသာဖော်ပြပြီး ချုပ်တည်းထားလိုက်ကာ ဆေးညွှန်းရေးပေးရန် ခေါင်းကို ငုံလိုက်လေသည်။

Sheng XiFan သည် He SuYe အား အတိုင်းသားငေးကြည့်နေမိသည်။သူမစိတ်ထဲတွင်တွေးနေမိသည်က သူမ၏ ဘလိုင်းဒိတ်များအားလုံးလိုလိုသည် အမြဲတမ်း
' အရည်အချင်းမြင့် ' အမျိုးသားများသာဖြစ်သည်ပင်။ဒါပေမဲ့ ဘာကြောင့် He SuYe လိုမျိုး ကြင်နာတတ်ပြီးပျူငှာမှုရှိတဲ့ အမျိုးသားလေးတစ်ယောက်လောက်တောင်မရှိရတာပါလိမ့်..။ ပြီးခဲ့သည့် ဘလိုင်းဒိတ်ကိစ္စများက ရုတ်တရက် သူမခေါင်းထဲသို့ဝင်ရောက်နှောင့်ယှက်နေပြန်သည်။

ရလဒ်အနေဖြင့် သူမ၏ နှုတ်မှ လွှတ်ခနဲထွက်သွားမိလေသည်။ " ဒေါက်တာHe ဟိုလေ ကျွန်မအမေရဲ့ ကြင်ဖက်ရှာပေးမဲ့ အကြံအစည်တွေကိုပါ ဖျက်ပေးနိုင်မဲ့ဆေးရော ရှိလားဟင် "

He SuYe က ဆေးညွှန်းရေးပေးနေတုန်းပင်။ရုတ်တရက် ရပ်လိုက်မိသဖြင့်ရေးလက်စတွင် အစင်းကြောင်းကဲ့သို့ ခပ်ရေးရေးဆွဲမိကာ အမှားပင်လုပ်မိလိုက်ပေသည်။

Sheng XiFan မှ ခပ်မြန်မြန်ပင် ပြန်ရှင်းပြရတော့သည်။ " ကျွန်မက ပေါက်ကရတွေပြော
နေ​တာပါ ဒါကိုအတည်မယူလိုက်ပါနဲ့နော် "

He SuYe ခဏလောက်တွေးလိုက်ပြီး လေးလေးနက်နက်အမူအရာဖြင့် " ဒါဆိုရင်တော့
မစ္စSheng ကြင်ဖက်ရှာအေဂျင်စီကိုသွားသင့်တယ်နော် ဆေးရုံက အဲ့လိုဝန်ဆောင်မှုမျိုးတွေကို ပေးလို့မရလို့ပါ ကျွန်တော်က နေမကောင်းဖြစ်နေတဲ့လူနာတွေကိုဆေးကုသဖို့အတွက် တာဝန်ဘဲရှိတာပါ သာမန်လူတွေကိုလက်မခံပါဘူး "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now