Chapter (3.3)Unicode/Zawgyi

2.1K 273 15
                                    

နာရီဝက် ကြာမြင့်ပြီးသည့်နောက် He SuYe ဆေးထုပ်တစ်ထုပ်နှင့်အတူ ထွက်လာခဲ့သည်။အပေါ်ကနေကိုင်ထားသော်လည်း ဆေးများမှာ ပူနေဆဲပင် ရှိသေးသည်။ဒေါက်တာက သူမအားပြောသည်။ " တစ်ရက်ကို သုံးကြိမ်နော် နှစ်ရက်ဆက်တိုက်သောက်ပေးပါ နောက်တစ်ခါ ထပ်မမှားအောင် သတိထားပေးဦး "

Sheng XiFan မျက်မှောင်ကြုပ်လိုက်သည်။ " ဒေါက်တာ He ကျွန်မကိုပေးတဲ့ တိုင်းရင်းဆေးတွေက အရမ်းမများလွန်ဘူးလားဟင် "

သူက မျက်နှာတစ်မျိုးပြောင်းကာ " မင်းလိုချင်တာဖြစ်ဖို့ ဘာကြောင့်များသည်းမခံနိုင်ရတာလဲ "ထပ်ပြောသည်
" မင်းသာ​ဆေးကိုပုံမှန်သောက်မယ်ဆို ဒီလိုနောက်ထပ် ထပ်ဖြစ်မှာမဟုတ်ဘူးလေ တကယ်လို့ မင်း အမှတ်မရှိသေးဘူးဆိုရင်လည်း ဆေးနှစ်မျိုးမမှားရအောင် နှစ်ခုလုံးသာသောက်ချလိုက်နော် "

သူမ နက်နက်နဲနဲ ပြုံးမိပြီး တွေးလိုက်မိသည်။
<' တစ်ခါတစ်​လေ ဒေါက်တာက သူမကို အလောတကြီးလုပ်စေချင်တာကလွဲပြီး ကျန်သည့်အရာအားလုံးသည် တော်တော်လေးကို အဆင်ပြေသည်ပင် '>

သူမအိမ်ပြန်ရောက်သည့်အခါ ဆေးထုပ်အား ချက်ချင်းထုတ်ယူလိုက်သည်။ နွေးနေဆဲပင်ရှိပြီးပန်းကန်လုံးထဲသို့ပြောင်းထည့်လိုက်သည်။အနံ့နည်းနည်းစူးသော်လည်း အရမ်းမွှေးနေသည်။သူမအထင်ကတော့ ဆေးရည်က အရင်တစ်ခေါက်ကလိုဘဲချိုနေမယ်ပေါ့ ထို့ကြောင့်သူမကိုယ်သူမ မပြင်ဆင်မိဘဲ ဆေးအားသောက်ချလိုက်သည်။ဆေးအားပါးစပ်အပြည့်သောက်လိုက်မိပြီးနောက် သူမချက်ချင်း ပြန်ထွေးထုတ်ချင်မိသည် -- အရမ်းခါးတာဘဲ ။

သူမ ပြန်အန်ချင်စိတ်ကို မနည်းတောင့်ခံလိုက်ရကာ တစ်ခါတည်းသောက်ချလိုက်ပြီး ပါးစပ်အား ရိုးရိုးရေဖြင့် ထပ်ခါထပ်ခါ ပလုတ်ကျင်းလေသည်။ထို့နောက် ခံစားရပြန်သက်သာလာသည်။ယခုအခါ သူမ၏ပါးစပ်နှင့်သွားများတွင် အရသာစူးစူးမှာ လျော့သွားလေပြီ။Huo Xuang နဲ့ ဂျင်းရဲ့ အနံ့ဖြစ်သော်လည်း စပ်ပြီး စူးရှရှလေးဖြစ်ကာ မမေ့နိုင်စရာ အရသာပင်။

တိုင်းရင်းဆေးကောင်းများသည် အရသာ ခါးသက်ကာ ရောဂါကိုသက်သာကောင်းမွန်စေသည်။ သူမ ဖျားနာတိုင်း ချွေးမထုတ်နိုင်ပေ။
ဒီတိုင်းရင်းဆေးက သူမအား သက်သာစေသည်။
ခဏကြာပြီးနောက် သူမ၏နှဖူးမှ ချွေးများစထွက်လာသည်။သူမ နည်းနည်းသက်သာ သွားပြီးနောက် အိပ်ရာပေါ်တက်လိုက်ကာ စောင်ထူထူခြုံပြီး အိပ်စက်လိုက်သည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now