ထမင်းစားပြီးနောက် Sheng XiFan သည်အိပ်ရာစောစောဝင်ဖို့ ကြိုတင်စီစဥ်ထားခဲ့ပြီးထိုစိတ်ပျက်စရာ မှတ်ဉာဏ်တွေကိုဘေးဖယ်
လိုက်ကာ အိပ်လိုက်ချင်တော့သည်။ သို့သော်လည်း အလုပ်သမားခေါင်းဆောင်
က လမ်းတစ်လျှောက်ပြေးလာကာ သူမအားလာရှာလေသည်။ " မန်နေဂျာSheng ရေ တစ်ခုခုတော့ဖြစ်နေပြီ "သူမ ရုတ်တရက် ထခုန်မိမတတ် လန့်ဖြန့်သွားကာ တော်တော်ကြာကြာကြည့်နေလိုက်ပြီး
"ဘာဖြစ်လို့လဲ??"" ဧရိယာ(C)ထဲက ဗီလာနံပါတ်(7)ရဲ့ ဧည့်သည်က အခန်းဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ကွန်ပလိန်းတက်နေလို့ "
သူမရဲ့ နားထင်တွေဟာတစ်ဖန်ပြန်ပြီးနာကျင်လာသလို စပြီးခံစားလာရသည်။ " ဧရိယာ(C) ကNo(7) ၊ ဧရိယာ(C) ကNo(7) က Ling....ဟုတ်လို့လား "
အလုပ်သမားခေါင်းဆောင်က ခေါင်းငြိမ့်ပြလေသည်။
" သွားကြည့်ရအောင် "
ဆောင်းတွင်းညအချိန်သည် တော်တော်လေးအေးနေကာ Sheng XiFan သည် ပုံမှန်ဝတ်စုံလေးသာ ဝတ်ဆင်ထားသည်။ အထည်ပါးပါးလေးများက အအေးဒဏ်ကိုမခံနိုင်ပေ။
ဧရိယာ(C)ပတ်လည်တွင် ရေများဖြင့်ဝန်းရံထားပြီး လေပြင်းကာအေးလေသည်။ သူမအေးသောကြောင့် ခဏခဏပင် နှာချေမိသည်။ဗီလာ No(7)မှ တံခါးဖွင့်ထားသည်အားမြင်လိုက်ရပြီး Ling YuFan ကတံခါးအားမှီလျက်ရပ်နေကာ သူ့အကျီအား ကြယ်သီးတစ်လုံးသာ တပ်ထားလေသည်။မျက်မှန် ကိုကစားနေကာ ယောင်ယောင်လေးပြုံးနေလျက် ဘေးနားတွင်ရပ်နေသော waiterမလေးသည် ဆံပင်များကရှုပ်ပွနေလျက် ပခုံးများလည်း လှုပ်နေလေသည်။အနီးကပ်ကြည့်လိုက်သည့်အခါ သူမ၏မျက်နှာသည် မျက်ရည်များစီးကျနေလျက် မိတ်ကပ်များလည်းပျက်နေပြီဖြစ်သည်။
သူမ ဘာဖြစ်နေလဲဆိုတာကို အကြမ်းဖျင်းနားလည်ပေမဲ့ ထိုသခင်ငယ်လေးရှေ့တွင် အရူးကွက်နင်းကာ မသိသလိုဟန်ဆောင်လိုက်သည်။သူမ သတိရှိစွာ မေးလိုက်ပြီး
" မဂ်လာပါ မစ္စတာ Ling အခန်းဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ဘာများစိတ်မကျေမနပ် ဖြစ်လို့လဲရှင့် "Ling YuFan သည် Sheng XiFan အားစောင်းကြည့်လျက် ဖြေးဖြေးချင်းပြောလာလေသည်။ "မင်းတို့ရဲ့ ဝန်ဆောင်မှုက မျှော်မှန်းထားတာထက်တောင် ပိုကောင်းနေပါတယ် ဒါပေမဲ့ ဧည့်သည်တွေနဲ့အတူ အိပ်ပေးတဲ့အထိတော့ မတွေးလိုက်မိဘူး "
YOU ARE READING
အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)
RomanceIT'S COMPLETED AT ALL!! Both Unicode And Zawgyi!! Original Author- Sheng Li Associated Names- Ai Shang Ni Shi Wo Zuo Guo Zui Hao De Shi //Falling In Love with You Is The Best Thing I Have Ever Done //Loving You Is The Best Thing. I don't own this no...