Chapter (16)Zawgyi

598 32 0
                                    

He SuYe အချိန်ကြည့်ရန် လက်ပတ်နာရီပတ်ထားသည့်လက်ကို မြှောက်လိုက်သည်။ ရက်ကို ကြည့်လိုက်သည့်အခါ ယနေ့သည် နှစ်သစ်ကူးအကြိုညဖြစ်၏။ကျောင်း၏ဓာတ်ခွဲခန်းအဆောက်အဦးမှာ တိတ်ဆိတ်ပြီး လူများမရှိကြတော့။သုတေသနအခန်းထဲ၌ သုတေသန ပရောဂျက်အချို့ရှိသဖြင့် မီးလင်းနေပြီး လူတစ်ချို့ ဝင်လိုက်ထွက်လိုက်ရှိနေသည်။ဘွဲ့ရကျောင်းသားများက အတန်းထဲသို့ စောစော သွားကြသဖြင့် အလွန်ရှင်းလင်းလှသည့်ဓာတ်ခွဲခန်းကြီးထဲ၌ သူတစ်ယောက်တည်းသာရှိသည်။

He SuYeအတွက် နွဦေးပွဲတော်သည် လွန်ခဲ့သည့် သုံးနှစ်ကတည်းက ယခုအထိ မပြောင်းလဲသေး။သူ၏နေ့နေ့ညညတို့ကို ဆေးဝါးဗေဒ၊ဆေးညွှန်းပေးခြင်းနှင့် တာဝန်ချိန်တို့၌သာ မြှုပ်နှံထားခဲ့သည်။အဖွားနှစ်ယောက်က အမြဲဖုန်းခေါ်သော်လည်း သူက ပြန်လာဖို့ မအားကြောင်းသာ အမြဲပြောသည်။နွဦေးပွဲတော်သည် သူ့အတွက် မရှိလည်းဖြစ်သည် မကျင်းပလည်း အဆင်ပြေလေသည်။

ပြန်ရမည့်အိမ်မရှိ အတူနေသည့်မိသားစုမရှိဘဲ
ည ဆယ့်နှစ်နာရီဝယ် ဖက်ထုပ်များနှင့် တရုတ်နှစ်သစ်ကူးအတွက် ဖုန်းခေါ်ဆိုခြင်းများနှင့်သာ ပြည့်နှက်နေခဲ့သောကြောင့် သူထိုကဲ့သို့အချိန် မကုန်ဆုံးချင်တော့။

.

ဘေးအခန်းရှိဓာတ်ခွဲခန်းထဲမှ တစ်ယောက်ယောက်၏ မိုဘိုင်းဖုန်းက အသံမြည်နေသည်။Eason Chan၏ သီချင်းသံကို ကြားရသည်။
" Merry MerryChristmas,~
Lonely Lonely Christmas,~~
I want to wish no one know who I am,~~~
Love has been tied to death by us , .... "
လူမရှိသည့် ကောရစ်ဒါတစ်လျှောက် ၌ သီချင်းသံက အကြာကြီး ပျံ့လွင့်နေသည်။

သူ့နှလုံးသားထဲမှာ ချဉ်တင်တင်လေးဖြစ်လာသည်။သက်ပြင်းလေးကြီး ချပြီးနောက် ကောရစ်ဒါမှ ခြေသံရုတ်တရက် ကြားလိုက်သည်။ဒေါက်ဖိနပ်သံများက အစီအစဉ်မကျ ထွက်ပေါ်လာခဲ့သည်။သူ လုပ်လက်စကို ရပ်ထားပြီး တစ်ခုခုကို မျှော်လင့်နေခဲ့သည်။

ခြေသံများက ရုတ်တရက် ရပ်တန့်သွားပြီး သူမျှော်လင့်ထားသည့်အတိုင်း ရောက်လာသည့်သူက ထမင်းဘူးလေးကိုင်ရင်း တံခါးကို တွန်းဖွင့်လာခဲ့သည်။သူ့ကို ပြုံးပြလာပြီး
" He SuYe ဖက်ထုပ်စားကြမယ် အလုပ်တွေ မေ့ထားလိုက် ဒီနေ့က နှစ်သစ်ကူးနော်! လာစမ်းပါ! မဟုတ်ရင် ကျွန်မ အကုန်စားလိုက်မှာနော် "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now