Chapter (1.1)Unicode/Zawgyi

10.9K 391 3
                                    

မကြာသေးမီက သူမ အိပ်မပျော်ရောဂါကိုစတင် ခံစားလာရတယ်။

အိပ်မပျော်တဲ့ရောဂါက အရမ်းကိုစိတ်ပျက်စရာကောင်းတယ်။အကြောင်းရင်းကတော့ တိတ်ဆိတ်နေတဲ့ညအချိန် အသံတိတ်နေတဲ့ ဒီကမ္ဘာမြေပေါ်မှာ သင်ဟာ နေ့တာအချိန်ထက်ပိုပြီး စိတ်ငြိမ်လာမယ်၊ကိစ္စဟူသမျှကိုလည်းဟိုဟိုဒီဒီ ပိုပြီး တွေးကြည့်တတ်လာမယ်။

ထို့နောက်မှာတော့ သူမဟာ အတွေးတွေကို ​ပိုပြီးနက်နက်နဲနဲ တွေးမိလာကာ ​အဆုံးထိတိုင် တွေးနေမိတာကို ဝမ်းနည်းဖွယ် တွေ့ရှိသွားတယ်။
အဲ့လိုသာဆိုငှက်ကုလားအုတ်တွေလိုအိပ်တတ်တဲ့လူတွေကတော့ ထိတ်လန့်ပြီး စိုးရိမ်ရလောက်တယ်။ အနည်းဆုံး ဒါကတော့ သူမတွေးမိသလောက်လေးပေါ့။

အတိတ်ကိုတွေးလိုက် ၊လက်ရှိကိုတွေးလိုက် အနာဂတ်ကိုတွေးလိုက် ၊လူတွေနဲ့ဆက်ဆံ​ရေး
အကြောင်းကိုတွေးမိလိုက် ၊လူတွေအတွက်ကိစ္စအရပ်ရပ် လုပ်​ပေးရသည့်အကြောင်းကို တွေးမိလိုက် ၊ကလေးဘဝက အတိတ်အကြောင်းကိုတွေးမိလိုက် ၊လက်ရှိကြီးပြင်းလာမှုကို တွေးမိလိုက်နဲ့....

ဘယ်လိုဘဲ ဖြစ်ဖြစ် အိပ်မပျော်နိုင်တော့
သူမက အမြဲတမ်း အချိန်ကို အဓိပ္ပါယ်ရှိရှိ ကုန်ဆုံးချင်တော့တယ်။

အတွေးအများစုကတော့ အဖြေထွက်မလာဘဲ ရပ်တန့်သွားလေ့ရှိတယ်။ဥပမာအားဖြင့် မင်းက အဲ့လိုမျိုးတွေးမိလိုက်ရင် အဲ့ဒါက အချည်းနှီးဘဲလို့ မင်းတွေးမိမယ်။ဒါပေမဲ့ သူမကတော့ အဲ့ဒါကိုခေါင်းမာမာနဲ့ ဆက်တွေးနေတုန်းဘဲ။
အတွေးအများစုက ရှုပ်ထွေးလာပြီးသင်က ရိုးရိုးရှင်းရှင်းနည်းလမ်းလေးနဲ့တောင် ဖယ်ရှားလို့မရနိုင်တော့ဘူး။ သင်ကအတွေးတွေကို ဖယ်ရှားလေ ပိုပြီး ရှုပ်ထွေးလာလေဖြစ်ကာ သင့်ကို ပိုပြီး ဒုက္ခရောက်စေကာ စိတ်မချမ်းမသာဖြစ်လာစေတယ်။

ဒါကြောင့် တစ်ခုတည်းသောနည်းလမ်းကတော့ ရှုပ်ထွေးနေတာကို ခွင့်ပြုလိုက်ပြီး လက်လေးတစ်ချောင်းတောင် မလှုပ်ဘဲ လက်ပိုက်ကြည့်နေလိုက်ရုံပေါ့။(T/N- ကိုယ်ကိုတိုင်က အဲ့လိုရှုပ်နေတာကို ဝင်မပါဖို့ပါ ​​/My note-အတွေးတွေကို ကြိုက်သလိုတွေးနိုင်အောင် လွှတ်ထားပေးလိုက်တာပါ)

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now