Chapter (6.1)Unicode

1.8K 219 0
                                    

နေ့လည်ဘက်တွင် TCM အဆောက်အဦး၌လူနာများ ရှင်းသည့်အချိန် He SuYe သည် ဆေးဖော်စပ်ဆေးကျိုခြင်းအားကူညီပေး
ရန် ဆေးပေးခန်းသို့ ကုပ်ကုပ်ကလေးရောက်လာလေသည်။

သူသည် ပုံမှန်ဆေးခန်းထိုင်သည့် သမားတော်ဖြစ်သလို ကိုယ်တိုင်ဆေးကျိုရန်အတွက် ဆေးပေးခန်းသို့ သွားရန်လည်း မလိုအပ်ပေ။တရုတ်တိုင်းရင်းဆေးဆရာဝန်တစ်ယောက်အနေနှင့် သူသည် အမြဲတမ်းအချိန်ပို အားနေတတ်သည်။တိုင်းရင်းဆေးဖက်ဝင်ပစ္စည်းအမျိုးအစားများကို ကြိုက်နှစ်သက်ကာ ဆေးကျိုသည့်အိုးထဲမှ ဆေးရည်များပွက်ပွက်ဆူထ လာသည်အား ကြည့်ရသည်ကိုသဘောကျလေသည်။ဆေးရနံ့များမွှေးပျံ့လာသည့်အခါ ခါးသက်သက် ထဲတွင် ချိုမြမြလေး လွှမ်းခြုံထားလေသည်။တရုတ်ဆေးပေးခန်းသည် မီးအခြေအနေပေါ်မူတည်ပြီး ဂရုစိုက်ကျိုချက်ရလေ့ရှိကာ အကျွမ်းတဝင်မရှိသော ဆေးဖက်ဝင်ပစ္စည်းများအားစုဆောင်းထားလေ့ရှိပြီး မီးပြင်းပြင်းဒါမှမဟုတ်မီးအေးအေးဖြင့် ကျိုချက်ရမည်လားဆိုသည်ကိုဘေးမှ လမ်းညွှန်ပေးမည့် လူများ အမြဲလိုအပ်လေ့ရှိသည်။

သူဆေးညွှန်းအား ကောက်ယူလိုက်သည်။သူကိုယ်တိုင် ညွှန်းပေးခဲ့သည့်ဆေးဖြစ်သည်။
Sheng XiFan ၊လှပသော နာမည်လေးတစ်ခုဖြစ်သော်လည်း သူအသံထွက်ရွတ်လိုက်သည့်အခါ ဘာကြောင့်များ ဆန်ပြုတ်(porridge - XiFan)နဲ့ အသံထွက် ဆင်နေရတာပါလိမ့်?? ၊ ဆန်ပြုတ်ယူတယ်??? (Hold porridge - Chen XiFan) သူမ၏မိသားစုက အရမ်းအရမ်းကိုတော်တော်လေးလက်တွေ့ဆန်လွန်းတယ်။

Coptis သည် အရမ်းခါးသော်လည်း အခြားဆေးများသည် အချိုအရသာလေးရှိသဖြင့် သောက်ရသည်မှာ မခက်ခဲပေ။တစ်လစာပမာဏသောက်ပြီးသည့်အခါ သူသည် သူမအား Bozirenဆန်ပြုတ် အားညွှန်းပေးခဲ့သည်၊ အိပ်မပျော်ခြင်းကို သက်သာစေရန် jujube အနှစ်အားကြိတ်ပြီးရလာသည့်အမှုန့်များက အကူအညီဖြစ်စေသည်။

သို့သော်ငြား သူမအခြားအအေးမိဖျားနာများဖြစ်နေမလားဆိုသည်ကို သူ မသေချာပေ။နှစ်ပတ်အတွင်း သုံးကြိမ်တွေ့ခြင်းသည် တရုတ်တိုင်းရင်းဆေးဆရာဝန်နှင့် လူနာကြားတွေ့သည့်အကြိမ်ရေဖြင့်တွက်ရလျှင် အတော့်ကိုများလွန်နေပြီဖြစ်သည်။

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now