Sheng XiFan အိမ်ပေါက်ဝရောက်သည့်အချိန်မှာဘဲ ဖုန်းက ကျိန်းသေပေါက် မြည်လာလေသည်။တွေးစရာမလိုဘဲ ဘယ်သူဆိုတာ သူမ သိလေသည်။သူမ ဒေါက်ဖိနပ်ကိုချွတ်လိုက်ပြီး အိပ်ရာပေါ်သို့ ပျင်းရိစွာ လှဲချလိုက်သည်။ဖုန်းမကိုင်ခင်ထိ ဖုန်းရဲ့ ဆက်တိုက်ခေါ်ဆိုနေသည့်အသံကို စောင့်နေလိုက်သည်။
သူမဖုန်းကိုင်လိုက်သည့်အခါ ဖုန်း၏ စပီကာအားသူမနှင့်ဝေးဝေးမှာထားလိုက်သည်။ တစ်ခြားတစ်ဖက်မှဆူပူပြောဆိုနေသည်များကို အတိုင်းသားကြားနေရလေသည်။" Sheng XiFan
ကောင်မစုတ်လေး နင်က နေမကောင်းဘူးလို့ပြောရဲတယ်ပေါ့ ငါကတော့ နင်စိတ်ကျန်းမာရေးပါချို့တဲ့ပြီး ရူးသွားပြီလို့ကိုထင်နေတာ "သူမ သက်ပြင်းချလိုက်ပြီး ရိုးသားစွာဝန်ခံလိုက်သည်။ " ဟုတ်တယ် သမီးက ရူးပါရူးနေတာ "
တစ်ဖက်မှ ဖေဖေSheng ကလည်းဝင်ဖျောင်းဖျလေသည်။ " သမီးကို မဆူပါနဲ့တော့ မင်းရဲ့သမီးက ကြင်ဖက်တွေ့ဆုံပွဲတွေမှ မသွားချင်တာ သမီးကို ဖိအားတွေ မပေးနဲ့တော့ တစ်နေ့လုံးအဲ့အကြောင်းဘဲတွေးပူမနေပါနဲ့ သမီးက အသက်ဘယ်လောက်ဘယ်လောက်ရှိနေပြီလဲ မင်းကသမီးကို ကလေးလေးတစ်ယောက်လို ဆက်ဆံနေတုန်းဘဲလား!! "
မေမေရှန် ဒေါသထွက်လေ
တော့သည်။"ကျွန်မက မှားနေလို့လား သူ့အတွက် ကျွန်မက အကောင်းဆုံးတွေကိုဘဲ လုပ်ပေးနေတာ ရှင်နဲ့သမီး နှစ်ယောက်လုံးက ကျွန်မကိုဘဲ အပြစ်တင်နေတယ်
ကျွန်မက ကောင်းစေချင်လို့လုပ်ပေးတာရှင့် ရှင်တို့ ဆန္ဒမှန်သမျှ အကုန်လိုက်ဖြည့်ဆည်းပေးခဲ့ရတာ ကျွန်မက ဒီအိမ်မှာ စကားပြောခွင့်ရောရှိသေးရဲ့လား? လူရောဟုတ်သေးရဲ့လား? "ဖေဖေရှန် ဘာတစ်ခုမှ ပြန်မပြောတော့ပေ။မေမေရှန်ကတော့ ပို၍ဆိုးလာတော့သည်။" Sheng XiFan အမေ သမီးကို ပြောမယ်နော် သမီး အဲ့စိတ်ပျက်စရာကောင်လေး Dai Heng ကိုမေ့လိုက်တာပိုကောင်းမယ် သူ့အကြောင်းဆက်တွေးမနေနဲ့ မေ့လိုက်တော့ သမီးကိုယ်သမီး ဘယ်သူလို့ ထင်နေတာလဲ Wang BaoChuan လို့ထင်နေတာလား? ဟမ်"
(illa: Wang BaoChaunဆိုတဲ့အမျိုးသမီးက ထန်မင်းဆက်ခေတ်အခါက ပြင်းထန်သည့်ဇွဲလုံလနှင့် သစ္စာစောင့်သိမှုတို့ကြောင့် နာမည်ကျော်ကြားပြီးလူသိများခဲ့ပါတယ်။စစ်တိုက်ဖို့ထွက်သွားခဲ့တဲ့ ခင်ပွန်းသည်ကို သူမက ၁၈နှစ်ကြာ သည့်အထိ စောင့်နေခဲ့ပါတယ်။)
YOU ARE READING
အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)
RomanceIT'S COMPLETED AT ALL!! Both Unicode And Zawgyi!! Original Author- Sheng Li Associated Names- Ai Shang Ni Shi Wo Zuo Guo Zui Hao De Shi //Falling In Love with You Is The Best Thing I Have Ever Done //Loving You Is The Best Thing. I don't own this no...