Chapter (17)Unicode

1.4K 181 3
                                    

လေးရက် ကြာပြီးနောက်

Shen XiFan စာအုပ်ဝယ်ရန် သူမ၏တူမလေးကို စာအုပ်ဆိုင်သို့ခေါ်သွားခဲ့သည်။ကလေးမလေးသည် အလယ်တန်းကျောင်းသူဖြစ်၍ အသက်ဆယ်နှစ်ကျော်ဘဲရှိသေးသော်လည်း အတော်လေး ကြီးနေပြီဖြစ်သည်။သူမသည် စိတ်ကူးယဥ်ဝတ္ထုများကို ပယ်ချလိုက်ပြီး
" ငါက ပြောတိုင်းယုံတတ်လို့ ပျင်းစရာကောင်းလွန်းတယ် ဒါမျိုးတော့ မဖတ်ချင်တော့ဘူး ဒီနားမှာ လျှောက်ပတ်ကြည့်ကြမယ် "

အကောင်းဆုံးဟုသတ်မှတ်ထားသည့် စိတ်ကူးယဥ်ဝတ္ထုများကို အများအပြားခင်းကျင်းထားပြီး ထောင်လိုက် လှဲလိုက်ဖြင့် မတူညီသည့် အနေအထားများဖြင့် အလှပြထားကြသည်။စာအုပ်ပင်လယ်ကြီးထဲဝယ် လှည့်ပတ်ကြည့်ရှုနေပြီးနောက် Shen XiFan ညည်းညူလိုက်သည်။
" ငါသာ Huang Qingကို မသိခဲ့ရင် ငါ့အတွက် သင့်တော်မဲ့စာအုပ်ဆိုတာ ရှိမယ်မထင်ဘူး "

သို့သော် ပိုက်ဆံရှင်းသည့်အခါ သူမ၏တူမလေးက အထူးအဆန်းမေးလာသည်။
" အန်တီလေးပြောတော့ဖတ်စရာစာအုပ်မရှိဘူးဆို ဘာလို့အဲ့လောက်အများကြီးဝယ်လိုက်တာလဲ "

သူမခေါင်းထဲသို့ အတွေးများဝင်ရောက်လာခဲ့သည်။ ပြီးနောက် စာအုပ်များကို မြန်မြန်လေးယူပြီး ကောင်တာပေါ်သို့ တင်လိုက်ကာ
"မဟုတ်ဘူး မဟုတ်ဘူး အန်တီလေးက မကြာခင် နိုင်ငံခြားသွားတော့မှာ အဲ့ဒါကြောင့် ဒါတွေအားလုံးက ဖတ်စာအုပ်တွေချည်းဘဲ "

တူမလေးက သူမကိုစိတ်မသက်မသာနှင့်ကြည့်ပြီး တိတ်တိတ်လေး ရေရွတ်လိုက်သည်။
" အန်တီလေးဝယ်လာတဲ့ စာအုပ်တွေအားလုံးက တရုတ်တိုင်းရင်းဆေးစာအုပ်တွေလေ "

အပြင်သို့ထွက်လာသည့်အခါ လူတွေအရမ်းများနေသည်။စာအုပ်တွေအများကြီးဝယ်လာမိသဖြင့်
လက်ထဲမှာတောင် ပိုက်ပြီးသယ်လာခဲ့ရလေသည်။ရုတ်တရက် တစ်စုံတစ်ယောက်က သူမ၏ပခုံးကို လာပုတ်သည်။
" Shen XiFan အကူအညီလိုသေးလား? "

သူမ လှည့်ကြည့်လိုက်ပြီးနောက် ချက်ချင်းကို စကားလုံးများက အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားရင်း
" အို့! He SuYe ကောင်းသောနှစ်သစ်ပါ ကျွန်မ မလေးပါဘူး အလုပ်ပိုနေပါ့မယ် "
သူမ စကားပြောပြီးနောက် သူ့ကိုကြည့်ဖို့မဝံ့ရဲတော့ ။သူမ၏မျက်နှာမှာလည်း နည်းနည်းလေးနီရဲလာခဲ့သည်..

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now