မတ်လသို့ရောက်သည့်အခါ နွေရာသီနေ့ရက်များက ရုတ်ခြည်း စတင်ပြီးပြောင်းလဲလာခဲ့သည်။ကောင်းကင်တစ်ဝိုက် ရေခိုးရေငွေ့များရစ်ဝဲလွှမ်းခြုံထားပြီး အသက်ရှူရ ခက်ခဲလှသည်။
မကြာသေးခင်က Shen XiFan ၏လက်မောင်းတွင်ထူးဆန်းလှစွာ ဝက်ခြံသေးသေးလေးတစ်လုံးပေါက်နေ၏။လိမ်းဆေးအမျိုးမျိုးဖြင့်
စမ်းသပ်ပြီးသော်လည်း အရာမရောက်ဖြစ်နေဆဲ။
He SuYeကိုမတွေ့ရတာအတော်လေး ကြာလေပြီ။Qiu Tian ပြောတာတော့ သူက ဆေးအသစ်ကြောင့်အလုပ်ရှုပ်နေတာတဲ့လေ။သူက နေ့တိုင်း ကိုယ်တစ်ပိုင်းသေမတတ်ကို ကြိုးစားနေလေတော့သည်။ဆေးမှတ်တမ်းကို ဖျစ်ညှစ်နေလိုက်ပြီး သက်ပြင်းသာချမိသည် ဒါဆိုလည်း သူ့ကို အလုပ်မရှုပ်ခိုင်းသင့်ဘူး အရေပြားဌာနကိုဘဲ တိုက်ရိုက်သွားလိုက်တာပေါ့
သို့သော်ငြား သူမ အရေပြားကုသမှု ဌာနကို ရောက်သည်နှင့် နောင်တတွေ ရမိလေသည်။
ဆရာဝန်က တစ်ချက်ကလေးကြည့်ပြီး ဆေးစာနှစ်ခါ ရေးပေးသည်။သူမ၏နှလုံးသားလေးဆေးစက်သွားလေပြီ။ဒီဆေးနဲ့ ပျောက်ကင်းနိုင်ပါ့မလား? ကျွန်မတော့ တကယ့်ကို လုံးဝ မသေချာဘူးနော်!
မတ်တပ်ရပ်တန်းစီနေစဥ် ရုတ်တရက် တစ်စုံတစ်ယောက်က သူမကိုခေါ်လိုက်သည်။
Shen XiFan လှည့်ကြည့်စဥ် Qiu Tian သည် အဖြူရောင်ဂျူဒီကုတ်ကိုဝတ်ဆင်ထားပြီး ဆေးမှတ်တမ်းကို ကိုင်၍ လှမ်းလျှောက်လာသည်။ထိုပုံရိပ်လေးကတကယ်တမ်းပြောရလျှင်အကြိုက်တွေ့ချင်စရာလေးဖြစ်သည်။ကံမကောင်းချင်တော့ He SuYeပုံစံနှင့်အတော်လေးအလှမ်းကွာလွန်းနေပြန်သည်။
Qiu Tian က ငုံ့ကိုင်း၍ မေးသည်။
" ဘာဖြစ်လို့လဲ? ခေါင်းကိုက်ခဲလို့လား? အအေးမိတာလား? အဖျားရှိလို့လား?
Shen XiFan သည် ခေါင်းခါပြကာ အကျီလက်ကို လိပ်တင်လိုက်သည်။
" ရှင်ကြည့်ပေးလို့ရမလား ဒါက ဘာဖြစ်တာလဲဟင် နာလည်းနာတယ် "
Qiu Tian က ထူးဆန်းနေတော့သည်။
" မင်း ဘာလို့ ထင်သာမြင်သာလူကြီးကို ဘာလို့မရှာတာလဲ? အဲ့ဒါက နှင်းခူပေါက်နေတာ တိုင်းရင်းဆေးသုံးဖုံကို တစ်ကြိမ်စီ သောက်ပေးရမယ် ဒီဟော်မုန်းဆေးတွေက မကောင်းဘူး ပြီးတော့ အသုံးမတည့်ဘူးလေ "
YOU ARE READING
အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)
RomanceIT'S COMPLETED AT ALL!! Both Unicode And Zawgyi!! Original Author- Sheng Li Associated Names- Ai Shang Ni Shi Wo Zuo Guo Zui Hao De Shi //Falling In Love with You Is The Best Thing I Have Ever Done //Loving You Is The Best Thing. I don't own this no...
