Chapter (19)Unicode

1.3K 162 0
                                    

ဒီနေ့တွင် Shen XiFan အလုပ်ထွက်ခဲ့ပြီး နောက်ဆုံးလစာကို ရရှိခဲ့သည်။ဒီလိုဆိုတော့လည်း သူမက ငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်လက်မဲ့တစ်ယောက် ဖြစ်လာခဲ့ပြီပေါ့။

အထွေထွေမန်နေဂျာရုံးခန်းထဲမှ ထွက်လာသည့်အခါ သူမ၏မျက်နှာက အတော်လေးလန်းဆန်းပေါ့ပါးနေခဲ့သည်။လေးနှစ်တာအလုပ်လုပ်ခဲ့သည့် ဟိုတယ်ကြီးကို နောက်ဆုံးတစ်ခေါက် လှည့်ပတ်ကြည့်ပြီးသည့်အခါ အမှန်စင်စစ်မှာ ရင်ထဲ၌ အရမ်းခံစားရသည်။လေးနှစ်တာ ကုန်ဆုံးခဲ့ရသည့် ဤနေရာလေးသည် သူမဘဝ၏ မရှိမဖြစ်သည့် အစိတ်အပိုင်းဆိုလည်း ဟုတ်ပေသည်။

သူမဟိုတယ်သို့ရောက်လာသည့် ပထမဆုံးနေ့၏ မြင်ကွင်းကိုမှတ်မိနေသေးသည်။ထောက်ခံစာ စာရွက်စာတမ်းများကို ကိုင်ထားပြီး သွားလာနေသည့်လူများကို ကြည့်နေခဲ့သည်။အတွင်းရေးမှူးက သူမကို မန်နေဂျာအခန်းထဲသို့ခေါ်သွားပေးခဲ့ပြီး ပြန်ထွက်လာသည့်အခါ သူမ၏ခြေထောက်များမှာ နာရီဝက်လောက် တုန်ရီနေခဲ့ရှာသည်။တရားဝင်အလုပ်အတွက် စာချုပ်မှာလက်မှတ်ထိုးပြီးနောက်တွင်သာ ဒါမျိုးက ဟိုတယ်ဝန်ထမ်းတစ်ယောက်၏ဘဝလေ ပြီးတော့ သေရင်တောင် ဟိုတယ်မှာဝိညာဏ်ဖြစ်နိုင်တယ်တို့ စသဖြင့် ဟာသလုပ်ပြောဆိုနိုင်ခဲ့သည်။မမျှော်လင့်ဘဲ သုံးနှစ်ဟူသည့်အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားခဲ့လေ၏။

နောက်ပြီးတော့ သွားရမည့်လမ်းက ပိုမိုရှုပ်ထွေးခက်ခဲလွန်းကြောင်း သူမကိုယ်သူမ ပြောမိသည်။

အိမ်သို့ပြန်လာပြီးနောက် ခဏအိပ်လိုက်ပြီး စားသောက်ပြီးစီးသွားသည့်အခါ Su Shan နှင့်စကားစမြည်ပြောဖြစ်သည်။Li Jie ၏မွေးနေ့ပြီးသွားကတည်းက သူမနှင့် Su Shan သည် တစ်ယောက်နှင့်တစ်ယောက် ပိုမိုရင်းနှီးလာခဲ့ကြသည်။သူမတို့နှစ်ယောက် အကြိုက်ချင်းသဘောထားချင်းတူလို့လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။သိပ်တော့ စကားမပြောဖြစ်ကြပေ။

Su Shanက မထုံတက်သေးဖြင့်စကားတစ်ကြောင်းထုတ်ပြောလိုက်သည်။
" ကျွန်မရဲ့မဂ်လာပွဲမှာ သတို့သမီးအရံလုပ်ပေးပါလား "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now