Chapter (22)Unicode

1.2K 154 1
                                    

He SuYe ဖုန်းချလိုက်ပြီးနောက် မနေနိုင်ဘဲရယ်မိလေတော့သည်။ကလေးတစ်ယောက်ကသူ၏အကျီစကိုမဆွဲခင်အထိ သူသည် ခဏလောက်ငေးကြောင်ကြောင်လေးရပ်နေရင်း
" အကိုကြီး! ... သားမေးစရာရှိလို့ "

သူက လန့်သွားပြီး ဖုန်းကိုပစ်ချလုနီးပါးဖြစ်သွားခဲ့သည်။သူ၏ဘေးနားက အမျိုးသမီးအိုကြီးကပြုံးနေပြီးသူ့ကိုစကားပြောသည်။
" ကောင်လေး မင်းက မင်းရဲ့ဇနီးလေးကိုဖုန်းခေါ်နေတာပေါ့ "

ရှင်းပြမည်အပြု သက်လယ်ပိုင်းလူကြီးနောက်တစ်ယောက်က ကြားဖြတ်ပြောလေ၏။
" လူငယ်လေးတွေက အိမ်မှာ ဇနီးနဲ့သားသမီးတွေကျန်ခဲ့တော့ ဒီနေရာနဲ့ဘယ်အသားကျမလဲ ငါတော့တာဝန်မယူနိုင်ဘူးနော်! မင်းကိုလည်းအတင်းမနေခိုင်းဘူး! "

တစ်စုံတစ်ယောက်က ရုတ်တရက်အော်ပြောလိုက်သည်။
" ဒေါက်တာHe ကလက်ထပ်ပြီးပြီတဲ့လား!  လွန်ခဲ့တဲ့နှစ်နှစ်တုန်းကတော့ သူကတစ်ယောက်တည်းပါဘဲ သူကဒီရက်တွေအတွင်းမှာဘာလို့များထုတ်မပြောပါလိမ့် ငါတို့ကဧည့်သည်လိုမျိုးဆက်ဆံနေလို့ဘဲဖြစ်ရမယ် "

သူ့ကိုသိကြသည့်လူများက ချွေးသိပ်ပေးကြသည်။သူနှင့်ရင်းနှီးသည့်ဆရာဝန်အများစုကလည်း တိတ်တ်ိတ်လေး ပြုံးနေရပြီး မနည်းမြိုသိပ်နေရသည်။ထိုအချိန်ခဏလေးအတွင်းမှာ အပြစ်ကင်းသလိုမျိုးလေးမတ်တပ်သာရပ်နေသည့် သူ့ကို လွှတ်ပေးထားလိုက်သည်။

ထားလိုက်ပါတော့။အထင်လွဲပါစေလေ။သူအခုပျော်ရွှင်နေတာဘဲ။

တောင်ပေါ်ဒေသသည် အလွန်ချို့တဲ့လွန်းသဖြင့် ထိုနေရာတွင် တရုတ်တိုင်းရင်းဆေးပညာကိုသာ လူသိများကြသည်။နှစ်များစွာကြာညောင်းလှသည့်တိုင် ရိုးရာဆေးပညာသည် အခိုင်အမာအမြစ်တွယ်နေရုံသာမက စျေးပေါသည့်အပြင် ရောဂါဟူသမျှကို သက်သာစေသည်။

ဆင်းရဲခေါင်းပါးသည့်ဒေသဖြစ်သောကြောင့် အခက်အခဲများစွာရှိပြီး ဆင်းရဲဒုက္ခဒဏ်ကိုလည်းခံစားရလေသည်။ကောင်လေး၏အမေသည်နေမကောင်းသဖြင့် အိပ်ရာထဲလှဲနေရသည်မှာ လအတော်ကြာနေလေပြီ။ခေါင်းမူးခေါင်းကိုက်ခြင်း ကိုအချိန်အကြာကြီးခံစားလာရပြီးသကာလ အမြင်အာရုံပျောက်ဆုံးပြီး မေ့တတ်လာကာ အိပ်မပျော်သည်အထိဖြစ်လာခဲ့လေသည်။သူမအရှေ့တွင် ကောင်လေးသည်စကားမပြောရဲ၊ နောက်ကွယ်၌သာ He SuYeကိုအကူအညီတောင်းလေသည်။
" ဆရာလေး ကျွန်တော်တို့မိသားစုကပိုက်ဆံမတတ်နိုင်ပါဘူး စျေးပေါတဲ့ဆေးတောင်ဝယ်မသုံးနိုင်ပါဘူးဗျာ ကျွန်တော်ကလည်းကျောင်းတက်နေတုန်းဆိုတော့ ဆေးနည်းနည်းလောက်ဆိုရင်ဘဲ "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)Where stories live. Discover now