Chapter ~ 1

2.6K 120 7
                                    


Gangnam မြို့ရဲ့ နာမည်ကြီး Club တစ်ခုတွင် ဖြစ်သည် ။
မီးရောင်စုံပြေးလွှားနေသည့် Dancing Floor တွင် မြောက်များစွာသော လူတွေက မြူးထူးကခုန်နေကြသည် ။ အလွှာအသီးသီး နယ်ပယ်အသီးသီးက လူတန်းစားမျိုးစုံဖြစ်သော်လည်း DJ ရဲ့ မြူးကြွနေတဲ့
တေးသံအောက်မှာ ဆင်းရဲချမ်းသာမရွေး အရာအားလုံးကို မေ့ပြီး ပျော်ရွှင်ခုန်ပေါက်နေကြသည် ။ မူးတဲ့သူက မူး ရီတဲ့သူက ရီ ၊ ဒယိမ်းဒယိုင်နဲ့ ချောလဲသူများလည်း ရှိသည် ။ ကကွက်မျိုးစုံနဲ့  ဘယ်သူမှလည်း မကတတ်လို့ ဝိုင်းလှောင်မယ့်သူမရှိသလို ၊ ချောလဲရင်လည်း လာတွဲမယ့်သူမရှိ ၊
ကိုယ့်ဘာသာ ပြန်ထပြီး ရှက်ရှက်နဲ့ ဆက်က ဆက်မူးကြရုံသာ ။ လိုချင်တာ အကုန်ရတဲ့
ဒီ Club မှာ လူတိုင်းအတွက် ဖောဖောသီသီပေးနိုင်တာ လွတ်လပ်မှုဆိုတဲ့ အရသာ ။
အဲ့ဒါကြောင့်မို့လည်း Club နာမည်  NYC
ဆိုတာ ပျောက်ပြီး Freedom Club ဆိုပြီး နာမည်မဆိုးတဆိုးနဲ့ ကျော်ကြားနေတော့သည် ။
မဆိုးတဆိုး ဆိုတာက လွတ်လပ်မှုကို လိုချင်တဲ့ လူငယ်တွေအဖို့တော့ အပြည့်အဝပျော်နိုင်တဲ့နေရာဖြစ်လို့ မဆိုးပင်မယ့် လူငယ်တွေရဲ့ ပျက်စီးရာလမ်းကြောင်းအစဖြစ်တဲ့ မူးယစ်ဆေးဝါး ဆေးပြား အရက် ဘီယာ အစုံရသောကြောင့် နာမည်ဆိုးနဲ့လည်း ကျော်ကြား‌သေးသည် ။
တစ်ခုကောင်းတာက အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်ကလေး တွေ လုံးဝ Club ထဲ ပေးမဝင်ပဲ လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားသည် ။ ဒါကလည်း နာမည်ကောင်းတစ်ခုရသလို အထဲမှာ မူးယစ်ဆေးဝါးရောင်းချနေတာ သိပါလျက် ရဲတွေဘယ်လောက်ဝင်စစ်စစ် တစ်ခါမှ လက်ဝယ်မမိတာလည်း ဒီ Club ရဲ့ ထူးခြားမှုပင် ။
ဘာတွေဝင်စစ်ပြီး ဘာတွေမမိနေတာလဲတော့မသိ ။ ပိုင်ရှင်မဲ့တွေနေမှာပေါ့ 🤭🤭 ။

ဒီလိုနဲ့ပဲ နယ်မြေထိန်းသိမ်းရေးအဖွဲ့တွေ လက်မြှောက်ထားရတဲ့ ထို Freedom Club က မူးယစ်‌ဆေးဝါး ရောင်းဝယ်ဖောက်ကားရာ အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်လာခဲ့ပြီး Club ပိုင်ရှင်ကလည်း အင်မတန်မှ စေ့စပ်ပိရိတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်လိုလို ဖြစ်လာခဲ့တော့သည် ။

မီးရောင်တွေ သိပ်မရှိတဲ့ ခပ်မှိန်မှိန် Bar ကောင်တာမှာတော့ ဆံပင်ကောက်ကောက်လေးတွေကို Highlight ရွှေဝါရောင်လေးဖောက်ထားပြီး Leather ဂျာကင်အနက်ကိုယ်ကျပ်နဲ့ နှုတ်ခမ်းနီရဲရဲ ဆိုးထားတဲ့ ကောင်မလေးတစ်ယောက် ။

From Zero to Infinity ~~~Where stories live. Discover now