Chapter ~ 3

881 96 1
                                    


" Ji ... နင်ရော ရေခဲမုန့် မစားဘူးလား...
Yangi PaPa က မုန့်ဖိုးအလုံအလောက်ပေးလိုက်ပါတယ်ဟ... နင် စားလို့ရတယ် "

Jennie က သူ့အတွက်ပဲ ရေခဲမုန့်ဝယ်လာတဲ့ Jisoo ကို ကြည့်ကာ ပြောလိုက်သည် ။

Jisoo သိတာပေါ့ ။ တစ်နေ့လုံး တွေ့သမျှ ဝင်ဆော့နေတာ Pa Kim ပေးလိုက်တဲ့ မုန့်ဖိုးက နည်းနေပြီဆိုတာလေ ။
ပြီးတော့ Jennie က အဝင်တုန်းက အပေါက်မှာတွေ့ခဲ့တဲ့ Cotton Candy စားချင်တယ်လို့ ပြောခဲ့သေးသည် ။ အပြန်ကျ အဲ့ဒါ ဝယ်ကျွေးဖို့ ပိုက်ဆံချန်ထားရအုန်းမည်မလား ။ အဲ့ဒါကြောင့် Jisoo သူ့အတွက်
ရေခဲမုန့် ဝယ်မလာခဲ့တာပင် ဖြစ်သည် ။

" Arr... ငါ မစားချင်လို့ပါ တစ်ဘူးကြီးကျ
မကုန်ဘူးလေ ။ နင့်ထဲက နည်းနည်းကျွေးလေ နော် ဟဲဟဲ "

" အင်း... ကျွေးမှာပေါ့ ရော့.... ဟ... အာ... "

Jennie ခွံ့ကျွေးတဲ့ ရေခဲမုန့်ကို စားကာ Jisoo တစ်ယောက် သူတို့ငယ်ငယ်တုန်းက အကြောင်းတွေကို သတိရသွားသည် ။
လွန်ခဲ့တဲ့ လေးနှစ်ကျော် Pa Kim သူတို့ကို ခေါ်မမွေးသွားခင်အချိန်တုန်းကလည်း
အခုလိုပဲ Jendeuk က သူ့အတွက် ဝယ်ပေးတဲ့ မုန့်မှန်သမျှကို Jisoo ကို ပြန်ခွံ့တတ်သည်လေ ။ အဲ့တုန်းကလည်း ဒီလိုပါပဲ ။ ဘူတာမှာ တောင်းလာတာက မလောက်မငဆိုရင် Jendeuk အတွက်ပဲ အမြဲဝယ်ကျွေးခဲ့တာ ။ Jendeuk ကလည်း သိတယ်ထင်ပါတယ် ။ သူ့ကို အမြဲ ပြန်ကျွေးတာချည်းပါပဲ ။ ဒီလိုနဲ့ပဲ နှစ်ယောက်သား မဝတဝနဲ့ ဗိုက်ဖြည့်ခဲ့ကြတာ Pa Kim နဲ့ မတွေ့ခင်အထိပေါ့ ။
အခုတော့ Pa Kim ကျေးဇူးနဲ့ မိသားစုအနေနဲ့ နေနိုင်စားနိုင်ကျပေမယ့် လုပ်တဲ့အလုပ်က မတည်ငြိမ်တော့ ချွေတာရသည်သာ ။

" Ji.... ဘာတွေ တွေးနေတာလဲ ... ငါ နင့်ကို ခွံ့နေတာ လက်ညောင်းလှပီ... "

" အမ်... အာ... ဆောတီး... ဟီးဟီး... ငါတို့ ငယ်ငယ်တုန်းက အကြောင်းတွေ သတိရသွားလို့.. "

" အော်.... ဂေဟာတုန်းက အကြောင်းတွေလား "

Jisoo ပြောလိုက်တဲ့ ငယ်ငယ်တုန်းက အကြောင်းတွေဆိုတာကို Jennie က ဂေဟာမှာ ရှိခဲ့တဲ့အချိန်က အကြောင်းတွေလို့
ထင်သွားပုံရသည် ။ မျက်နှာလေး ငယ်သွားကာ စိတ်မကောင်းဖြစ်သွားတဲ့ Jennie ကို Jisoo ငေးကြည့်နေမိသည် ။
ငယ်ငယ်ကတည်းက မိဘဆိုတာ ဘာမှန်းမသိတဲ့ ဘဝကို တွေးမိပြီး ဝမ်းနည်းသွားတာနေမှာ လို့ပင် Jisoo ထင်လိုက်မိသည် ။

From Zero to Infinity ~~~Dove le storie prendono vita. Scoprilo ora