Chapter ~ 12

779 92 12
                                    


" ဝိုးးးး... ကောင်းလိုက်တာ.... Ahjima...
စားဖူးသမျှထဲမှာ ဒီတော့ပိုကီ အကောင်းဆုံးပဲ... မိုက်တယ်... မိုက်တယ် "

Jisoo က မျက်လုံးလေးဝိုင်းစက်ပြီး ပလုပ်ပလောင်းနဲ့ အားရပါးရပြုံးကာ
ပြောနေတာကို Jennie နဲ့ အခန်းရှင်အန်တီကြီး က သဘောတွေကျကာ ကြည့်နေသည် ။
ဒါက Jisoo တစ်ခုခုစားလိုက်တိုင်း သဘောကျရင် ဖြစ်တတ်တဲ့ အမူအရာလေး ။
အခုလည်း အခန်းရှင်အန်တီကြီးက အလုပ်လက်မဲ့ဖြစ်လာခဲ့တဲ့
ကလေးနှစ်ယောက်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် တော့ပိုကီလုပ်ပြီး လာကျွေးခြင်းဖြစ်သည် ။
တစ်သက်လုံး တစ်ယောက်တည်း နေခဲ့ပြီးမှ သူ့ညီမကနေတဆင့် အိမ်ငှားရောက်လာတဲ့ Jisoo နဲ့ Jennie ကို အတူနေတဲ့ နှစ်နှစ်တွင်း သံယောဇဥ် တော်တော်ဖြစ်လာခဲ့သည် ။
ဒီကလေးနှစ်ယောက်ကလည်း သူ့အပေါ် ကောင်းရှာသည်လေ ။ နေထိုင်မကောင်းရင်လည်း ပြုစုပေးတတ်သလို စကားပြောဖော်လည်းရ အားကိုးလည်း ရတဲ့ ကလေးတွေ ။

အခုလည်း ခေါက်ဆွဲဆိုင်က အလုပ်ထွက်လာခဲ့တာမို့ အိမ်ကပ်နေတဲ့ နှစ်ယောက်ကို အကျိုးအကြောင်းမေးရင်း တော့ပိုကီလုပ်ကျွေးတော့ စားလိုက်ကြတာ နှစ်ယောက်သား အားရပါးရ ။

" ဖြည်းဖြည်းစားပါ Ji ရယ်... ငါ လုမစားပါဘူး ။ Ahjima က အများကြီး လုပ်လာပေးတာကို ။ တကယ်ကောင်းတယ် သိလား ... Ahjima ... တော့ပိုကီမကြိုက်တဲ့ Jen တောင် ကြိုက်တယ် ဟီးဟီး "

Gummy smile လေးနဲ့ သွားလေးတွေအကုန်ပေါ်တဲ့အထိ ရီပြပြီး ပါးလေးတွေဖောင်းကားတဲ့အထိ စားနေတဲ့ Jennie ကို Jisoo ကြည့်ကာ သဘောတွေကျပြီး မျက်လုံးတွေ မှိတ်ကျတဲ့အထိ တခွီးခွီးနဲ့ ရီနေသေးသည် ။

" Yaa... Phabo... ဘာတွေ အဲ့လောက်ရီနေတာလဲ... သီးနေအုန်းမယ်... "

" hehehe..  နင့် ပါးလေးတွေကလေ ဝါးလိုက်တိုင်း လှုပ်တုတ်လှုပ်တုတ်နဲ့ ဖောင်းဖောင်းတတ်လာတာ... hahaha... ကြည့်ရတာ.... "

" ကြည့်ရတာ ဘာဖြစ်လဲ Kim Jisoo Shi..."

" Arr. ..Arrnyi... ဘာမှမဖြစ်ပါဘူး ။ သဘောကျတယ်လို့ ဟဲဟဲ... "

Jennie ရဲ့ ပင့်ကြည့်လိုက်တဲ့ အကြည့်
ကြောင့် Jisoo မျက်နှာပိုးသတ်ကာ တော့ပိုကီတစ်တုံးကို ကောက်ဝါးလိုက်သည် ။

From Zero to Infinity ~~~Onde histórias criam vida. Descubra agora