Bobby , BI နဲ့ Jisoo Jennie တို့ မြို့ထဲက
ညစျေးတစ်ခုမှာ ခြေရှုပ်နေကြသည် ။
တစ်ယောက်နဲ့တစ်ယောက် အချက်ပြရင်း PaPa အမွေပေးထားတဲ့ ပညာလေးတွေကို အလျှိုအလျှို ထုတ်သုံးနေကြသည် ။
လေးယောက် တပူးပူးတတွဲတွဲဆို သိသာနိုင်တာမို့ Bobby နဲ့ BI က တစ်တွဲ
Jisoo နဲ့ Jennie က တစ်တွဲ ခွဲကာ ဆုံရပ်ကို သတ်မှတ်ပြီး လှုပ်ရှားလိုက်ကြသည် ။
ညဦးယံမှာတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရပေမယ့် နောက်ကျလာတဲ့အခါမှာတော့ နယ်ထိန်းရဲ ပတ်ရဲတွေက ခဏခဏ လှည့်နေတဲ့အတွက် Jisoo တို့ မနည်းကို သတိထားနေရသည် ။
Jennie ကတော့ ကလေးတစ်ယောက်လိုပါပဲ ။ ဟိုငေး ဒီငေးနဲ့ Jisoo လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ Jisoo သွားသမျှနောက် လိုက်နေလိုက်သည် ။ သူ့ကြည့်ရတာ မြို့ထဲကို ပိုပျော်နေပုံရသည် ။ စျေးဆိုင်တန်းတွေနားရောက်တော့လည်း ချိတ်ထားတဲ့အင်္ကျီတွေကို ငေးနေလို့ Jisoo မနည်းဆွဲခေါ်ခဲ့ရသေးသည် ။
ပါးစပ်ကလည်း ပြောလိုက်သေးသည် ။
ငါ ကြီးလာရင် အင်္ကျီတွေကို ကိုယ့်ဘာသာကိုယ် ဒီဇိုင်းဆွဲပြီး လုပ်ရောင်းမယ်တဲ့ ။ Jisoo ကတော့ Jennie ပြောသမျှကို အေး အေး လုပ် လုပ် ဟုသာ အားပေးရင်း ပြုံးနေလိုက်သည် ။မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်သလို ဖြစ်လာမယ်လို့လည်း အတပ်မသိတဲ့ အနာဂတ်အကြောင်းကို Jisoo ကတော့ ခေါင်းထဲ သိပ်မထည့်ပေ ။ သူ သိတာ Jennie ကို စောင့်ရှောက်ဖို့နဲ့ သူတို့အဖွဲ့လေး အဆင်ပြေဖို့သာ သူတွေးသည် ။ အလစ်များများ သုပ်လို့ရလေ ပိုက်ဆံများများရလေမို့ လစ်မယ့်ခွင်ကိုသာ မျက်စိကစားနေလိုက်သည် ။
တစ်နေရာအရောက်မှာတော့ Jisoo နှိုက်လာတဲ့
အန်တီကြီးရဲ့ အိတ်နဲ့ ငေးနေတဲ့ Jennie နဲ့ တိုက်မိကာ ပြုတ်ကျပြီး ထိုအန်တီကြီးက မြင်လိုက်ကာ ထအော်တော့သည် ။
ကံဆိုးချင်တော့ သူတို့ရဲ့ ထိပ်နားမှာပဲ ပတ်ရဲ နှစ်ယောက်က ရှိနေတာမို့ Jisoo Jennie လက်ကို ဆွဲကာ အသားကုန်ပြေးရတော့သည် ။စျေးအပြင်ဘက်ကို ထွက်ပြီး လမ်းကြားထဲဝင်ပြေးတော့ ထိုရဲနှစ်ယောက်ကလည်း ထပ်ကြပ်မကွာ လိုက်လာကြသည် ။
ထိုအချိန်မှာပဲ Jisoo စိတ်တွေ အရမ်းပူလာတော့သည် ။ ဒီအတိုင်း နှစ်ယောက်ပြေးနေရင် Jennie ကိုပါ မိသွားမှာစိုးတဲ့စိတ်က ရင်ထဲမှာ ကြီးစိုးလာခဲ့သည် ။
Jendeuk ကို ကြည့်လိုက်တော့လည်း
မောနေပြီမို့လို့ ဒီကလေး အမောမခံနိုင်တာ သိနေသည့်အတွက် ပြေးနေရင်း ခေါင်းတွေပေါက်ထွက်မတတ် အကြံမြန်မြန်ထုတ်နေရသည် ။
နောက်က ရဲစုတ်ရဲပျက်တွေကလည်း အခုမှ ဝီရိယ တွေကောင်းကာ ထက်ကြပ်မကွာ ကို လိုက်နေကြသည် 😏🤭 ။
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...