" KIM JISOO ... လာပါအုန်း ဒီနားကို ... မေးစရာလေး ရှိလို့ပါ... လာခဲ့လိုက်ပါအုန်း "
ဆိုင်သိမ်းပြီးတာမို့ ရေချိုးမလို့ အကျောဆန့်နေသည့် Jisoo ကို Jennie က ကုတင်ပေါ်ကနေ ခြေချိတ်ထိုင်ပြီး မိန့်မိန့်ကြီးခေါ်နေတာကြောင့် Jisoo မျက်လုံးအပြူးသားလေးနဲ့ပင် ကုတင်ဘေးရောက်သွားသည် ။
ကုတင်ပေါ်ထိုင်မလို့ လုပ်တုန်း" မထိုင်ရဘူး... ဒီမှာ မတ်တပ်ရပ်... သေချာ ငါ့မျက်လုံးကို ကြည့်ပြီး မေးတာကို ဖြေ "
လက်ပိုက်ထားရင်းက မျက်မှောင်ကြုတ်ပြီး စူးစိုက်ကြည့်နေတာမို့ Jisoo ကျောထဲပင် စိမ့်သွားတော့သည် ။
" ဘာ... ဘာ မေးမလို့လဲဟင်... HeeHee "
" အင်း... အဲ့လို ပြုံးဖြီးနေတာကြီးကို ငါ့ရှေ့မှာပဲ လုပ်ပါ သူများတွေရှေ့မှာ အဲ့လောက်ကြီး မပြုံးပါနဲ့ဆို ဘယ်လိုဖြစ်လို့ အမြဲတစေ သွားကြီးဖြီးနေတာတုန်း "
" အမ်... အာ... ဟို... Jendeuk ကလည်း ။ ငါက စားသောက်ဆိုင်ဖွင့်ထားတာလေ ။ လာစားတဲ့သူတွေ စိတ်ချမ်းသာအောင် ရီပြတဲ့ သဘောပါ ။ အမြဲတစေ စူပုတ်ပုတ်ကြီး နေလို့ ဘယ်ကောင်းမလဲဟ ဟီးးးး"
" နင့်ကိုလည်း စူပုတ်နေပါ မပြောပါဘူး ။ ပြုံးဖြီးနေတာလေး နည်းနည်းလျှော့ပြီး တည်တည်တံ့တံ့နေဖို့ ပြောနေတာ ။ နင် ရီလိုက်ရင် ဖြစ်လာတဲ့ အဲ့ဒီအသဲပုံ နှုတ်ခမ်းကို လူတိုင်းသဘောကျကြတာ နင်သိလား "
" အဟဲ... ဟုတ်လား... ဒါနဲ့ နင်ရော သဘောကျလား အဟီး.. "
Jisoo က မျက်ခုံးနှစ်ဖက်ပင့်ပြပြီး Jennie ကို ပြုံးပြုံးကြီး ကြည့်မေးလိုက်တော့ Jennie က ပြုံးရောင်သန်းသွားတဲ့ နှုတ်ခမ်းကို ဖိကိုက်ပြီး ထိန်းထားလိုက်သည် ။
☁️... ငါကဖြင့် ငယ်ငယ်လေးကတည်းက သဘောကျတာကို...အဟိ ☁️
အတွေးထဲမှာ သဘောကျနေပေမယ့် မျက်နှာကိုတော့ သေချာတင်းထားလိုက်ကာ
" မျက်နှာပြောင်မနေနဲ့ Ji... အတည်ပြောနေတာ ။ တစ်နေ့တစ်နေ့ နင့်ကို လာငမ်းနေတဲ့ Customer တွေကို ငါ့မှာ မနည်းသည်းခံပြီး ကြည့်နေရတယ် သိလား ။ တကယ်ပါပဲ... နင့်ကို ခေါက်ဆွဲဆိုင်တောင် မထိုင်ခိုင်းစေချင်တော့ဘူး ။ စက်ရုံမှာပဲ သွားပြီးသာရုံးထိုင်စေချင်တော့တယ် ။ ဖူးးး.... "
YOU ARE READING
From Zero to Infinity ~~~
Fanfictionဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...